Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်၍ အမျိုးသမီးလေးဦးထိမှန်ဒဏ်ရာရ

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ မကြာခဏဖြစ်ပွားနေသည်။

ရေစကြိုတွင် မေလအတွင်းက စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသောနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj
ရေစကြိုတွင် မေလအတွင်းက စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသောနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတ​ပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံ အမျိုးသမီးလေးဦး ထိမှန်ခဲ့ပြီး နှစ်ဦး စိုးရိမ်ရကြောင်း ရေစကြိုနယ်ခံများက ပြောသည်။

ယမန်နေ့ ဇွန် ၁၅ ရက် နံနက် ၅ နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ ညောင်စောက်ရွာအနီးမှ စစ်ကောင်စီတပ်သည် တောရွာနှင့် သမန္တပို့ကျေးရွာဘက်ကို လက်နက်ကြီးနှစ်ချက် ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် တောရွာနေ အသက် (၄၅) နှစ်အရွယ် ဒေါ်ကြူမွှေး၊ အသက်(၄၈)နှစ်အရွယ် ဒေါ်ချိုမြင့်၊ မစန်းနုနှင့် သမန္တပို့ရွာမှအသက်(၇၀) အရွယ် ဒေါ်တင်စန်းတို့ ဒဏ်ရာများရရှိခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရကြောင်း ရေစကြိုဒေသခံများက ပြောသည်။

“အိမ် ငါးလုံး ခေါင်မိုး ပျက်စီးတာတွေတော့ရှိပါတယ်။ တောရွာက တစ်ဦးစိုးရိမ်ရပါတယ်။ သမန္တပို့ရွာက အသက်(၇၀)ကျော် အဘွားအိုတစ်ဦးလည်း ထိခိုက်ပါတယ်။ သူကတော့မစိုးရိမ်ရပါဘူး​”ဟု ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ မကြာခဏဖြစ်ပွားနေသည်။