Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်တွင် ကပစသို့ရိက္ခာပို့​သောကားများကိုလုံခြုံရေးပေးမည့် စစ်ကား မိုင်းဆွဲတိုက်ခံရ၍ ပျက်စီး

မိုင်းဆွဲပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ထိုနေရာကို နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင်မော်တော်ယာဉ် အပိုင်းအစများ၊ အရေးပေါ်ဆေးဝါးပစ္စည်းများနှင့် ကျည်ဆံခွံများ တွေ့ရှိရသည်ဟု နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက​ပြောသည်။

(စစ်ကားမိုင်းဆွဲခံရပြီး​နောက်မြ င်​တွေ့ရစဥ်။ ဓါတ်ပုံ-အ​နောက်လွင်ပြင်PDF)
(စစ်ကားမိုင်းဆွဲခံရပြီး​နောက်မြ င်​တွေ့ရစဥ်။ ဓါတ်ပုံ-အ​နောက်လွင်ပြင်PDF)

ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ပေါက်မြို့နယ်အတွင်းရှိ စစ်ကောင်စီကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၂၄)သို့ ရိက္ခာလာပို့သည့် ကားတန်းကို လုံခြုံရေးယူပေးမည့် စစ်ကောင်စီကားအား တိုက်ခိုက်ခဲ့ကြောင်း အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ​ပြောသည်။

အဆိုပါရိက္ခာသယ်ကား ၁၂ စီးကို လုံခြုံရေးယူပေးမည့် စစ်ကောင်စီတပ်သား ၃၀ခန့်ပါသည့် ဖောကားသည် ကမ္မမြို့ဘက်ကို လာစဉ် ​ဒေသခံကာကွယ်​​ရေးတပ်က ပဒေသာမိုင်းများဖြင့် ပခုက္ကူမြို့နယ် အစပ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများတင်လာသည့်ဖောကားမှာ ကားတာယာများ၊ ဆီကန်များပေါက်ကွဲထွက်သွားပြီး မူလထွက်လာသည့် ရေပြာရွာထဲကို ပြန်လည် ဆွဲယူသွားရကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

“ထိခိုက်တဲ့ စကစတပ်သားတွေ အဲ့နေရာမှာပဲ ဆေးကုသွားတယ်။ ကားကိုတော့နောက်ကားတစ်စီးနဲ့ ရေပြာရွာထဲကို ပြန်ဆွဲသွားတယ်”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ထိုတိုက်ခိုက်မှုကို ပေပါ ပဒေသာမိုင်း ၅ လုံး၊ ၅ ဂါလံပုံး ပဒေသာမိုင်း ၂ လုံး၊ ရှေ့ထွက်မိုင်း ၃ လုံးနှင့် စလစ်အိုး ပဒေသာမိုင်း ၂ လုံး တို့ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသ၈ည်။