Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ ဆိုင်ကယ်စီးအမျိုးသမီး ညပိုင်းအချိန် သေနတ်နဲ့ပစ်ခတ်ခံရ

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ လူသွားလူလာမပြတ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းမီးပုံမှန်မပေးတော့လို့ လုယက်မှုမကြာခဏ ဖြစ်ပွားတဲ့နေရာလို့လည်းသိရပါတယ်။

မန္တလေးမှာ ဆိုင်ကယ်စီးအမျိုးသမီး ညပိုင်းအချိန် သေနတ်နဲ့ပစ်ခတ်ခံရ
မန္တလေးမှာ ဆိုင်ကယ်စီးအမျိုးသမီး ညပိုင်းအချိန် သေနတ်နဲ့ပစ်ခတ်ခံရ

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် မှာ မနေ့ ဇွန်လ ၁၅ ရက်ညပိုင်းက ဆိုင်ကယ်စီးအမျိုးသမီး တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ညပိုင်း ၇ နာရီခန့်က ချမ်းမြသာယာရပ်ကွက် ၊ မြဝတီမင်းကြီးလမ်း ၊မန္တလေး − လားရှိုးသံလမ်းဘေးမှာ ပစ်ခတ်ခံရတာပါ။

ပစ်ခတ်ခံရသူအမျိုးသမီးဟာ အသက် ၅၀ အရွယ်ရှိပြီဖြစ်ပြီး တစ်ဦးတည်းဆိုင်ကယ်မောင်းလာချိန်မှာ အနောက်ကနေ လိုက်လာတဲ့ ဆိုင်ကယ်စီးအမျိုးသား ၃ ဦးက သေနတ်နဲ့ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပြပါတယ်။

ပစ်ခတ်ခံရတဲ့အမျိုးသမီးဟာ ပခုံးကို ထိမှန်သွားလို့ မစိုးရိမ်ရဘူးလို့လည်းသိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ လူသွားလူလာမပြတ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းမီးပုံမှန်မပေးတော့လို့ လုယက်မှုမကြာခဏ ဖြစ်ပွားတဲ့နေရာလို့လည်းသိရပါတယ်။