Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားတောင်တွင်သုံးရက်ဆက် တိုက်ပွဲဖြစ် ၊စစ်ကောင်စီတပ် အထိအခိုက်များဟုဆို

ဇွန်လ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်နှင့် စစ်ကိုင်းမြို့နယ်၊ဆားတောင်မြို့အနောက်ဘက်၊ ပေါက်မတောင်ရွာနှင့် သာဇင်ကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

(တိုက်ပွဲအတွင်း ပစ်ခတ်နေသည့် ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-CJ)
(တိုက်ပွဲအတွင်း ပစ်ခတ်နေသည့် ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-CJ)

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအဖွဲ့များ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုအထိအခိုက်များကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ဇွန်လ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်နှင့် စစ်ကိုင်းမြို့နယ်၊ဆားတောင်မြို့အနောက်ဘက်၊ ပေါက်မတောင်ရွာနှင့် သာဇင်ကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၂၀ကျော်သေဆုံးပြီး စစ်ကြောင်းမှူးတစ်ဦးလည်းပါဝင်သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

တော်လှန်ရေးအင်အားစုများဘက်ကလည်း ရဲဘော် ခြောက်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“မနေ့ကထိတွေ့မှုက ခုနစ်ကောင်လောက်ကျတာမြင်လိုက်တယ်။ ၂၀ လောက်ထိခိုက်ဒဏ်ရာရတယ်။ ဒီကနေ့မနက်တော့ သူတို့မထွက်သေးဘူး။ ပေါက်မ လေးရွာထဲမှာ ဖြန့်ပြီးတော့နေနေတယ်။ ဆေးကုနေတယ်လို့သတင်းရတယ်။”ဟု စစ်ကိုင်းခရိုင်တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်ယက္ခက ပြောကြားသည်။

အဆိုပါစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် မြင်းခြံခရိုင် တပ်ရင်း (၇)Zero ပြောက်ကျားတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း (၁) နဂါးနီတပ်ရင်း၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁)နှင့် ဆားတောင်မိုးကြိုး LPDFအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းစစ်ကြောင်းသည် ဇွန်လ၉ ရက်မှစတင်ကာ ဝက်လက်နယ်မှ စစ်ကိုင်းမြို့နယ်သို့ကူးလာခြင်းဖြစ်ပြီး ဆားတောင်နယ်ရှိ ကျေးရွာများမှ နေအိမ်ရာချီ မီးရှို့ဖျက်ဆီးထားသည်။

သာဇင်ကျေးရွာမှာ အများဆုံးမီးရှို့ခံထားရပြီး နေအိမ် ၆၀၀ ကျော်မီးလောင်ပြာကျကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဇွန်လ ၆ ရက်က Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးနှင့်အဖွဲ့များ ဆားတောင်မြို့ပေါ်တက်၍လှည့်လည်ခဲ့ပြီးနောက်ပိုင်း စစ်အုပ်စုက ဆားတောင်နယ်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးသဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။