Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၁၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️မြန်မာ့အရေး အချိန်မီ အရေးယူလုပ်ဆောင်ဖို့ နိုင်ငံတကာကို မြန်မာသံအမတ်ကြီး ထပ်မံတိုက်တွန်း

မြန်မာ့အရေး ဖြေရှင်းနိုင်ရေး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ တိကျပြတ်သား ခိုင်မာသော လုပ်ဆောင်ချက်များကို အချိန်မီချမှတ်လုပ်ဆောင်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံမှာ ထပ်မံတိုက်တွန်းပါတယ်။ နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ဝင် နိုင်ငံများရဲ့ (၁၆) ကြိမ်မြောက် ညီလာခံကို ဇွန်လ ၁၃ မှ ၁၅ ရက်အထိ ကျင်းပခဲ့ရာ ညီလာခံအတွင်း မြန်မာသံအမတ်ကြီးက တိုက်တွန်းခဲ့တာပါ။ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနှင့်အညီ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေနိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်နိုင်ရေးတို့အတွက် နိုင်ငံတကာအနေနဲ့ ထိရောက်မှုရှိသော ပံ့ပိုးကူညီမှုများကို အရေးတကြီး ဆက်လက်ထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုပါတယ်။

မြန်မာ့အရေး တိကျပြတ်သား ခိုင်မာသော လုပ်ဆောင်ချက်များကို အချိန်မီချမှတ်လုပ်ဆောင်ရန် နိုင်ငံတကာကို မြန်မာသံအမတ်ကြီး ထပ်မံတိုက်တွန်း
မြန်မာ့အရေး တိကျပြတ်သား ခိုင်မာသော လုပ်ဆောင်ချက်များကို အချိန်မီချမှတ်လုပ်ဆောင်ရန် နိုင်ငံတကာကို မြန်မာသံအမတ်ကြီး ထပ်မံတိုက်တွန်း

▪️မယ်စဲ့မြို့ ဝန်ထမ်းအိမ်ယာများကိုပါ လေကြောင်း၊ လက်နက်ကြီးနဲ့ စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီတပ်က ကရင်နီပြည်နယ် မယ်စဲ့မြို့ပေါ်ရှိ ဝန်ထမ်းအိမ်ယာများကိုပါ လက်နက်ကြီး လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့လို့ စစ်ကောင်စီ ဝန်ထမ်းများလည်း ထိုင်းနိုင်ငံဘက် သို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကရင်နီသတင်းရင်းမြစ်က ပြောပါတယ်။ မယ်စဲ့ရှိ စစ်ကောင်စီတပ်စခန်း သုံးခုနဲ့ မယ်စဲ့ရဲစခန်းကို ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ပူးပေါင်းတပ်က ဇွန်လ ၁၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများဆက်တိုက်လုပ်ဆောင်နေတာပါ။ ကရင်နီသတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီက မထူးဇာတ်ခင်းနေပြီး စစ်ကောင်စီ ဝန်ထမ်းတွေပါ ကျည်ထိမှန်သေဆုံးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

(တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော မယ်စဲ့မြို့နယ်ရှိ ဒေသခံပြည်သူများနှင့် မယ်စဲ့မြို့တည်​နေရာကိုတွေ့ရစဥ်။ ဓာတ်ပုံ - Kantarawaddy Times)
(တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသော မယ်စဲ့မြို့နယ်ရှိ ဒေသခံပြည်သူများနှင့် မယ်စဲ့မြို့တည်​နေရာကိုတွေ့ရစဥ်။ ဓာတ်ပုံ – Kantarawaddy Times)

▪️မိုးဗြဲမြို့မှာ တိုက်ပွဲဖြစ်ပွား

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ ဒီနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ မိုးဗြဲ PDF တာဝန်ရှိသူက ပြောပါတယ်။ မိုးဗြဲမြို့နယ်သို့ အင်အားအလုံးအရင်း ဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းအဖွဲ့က လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကတည်းက တိုက်ခိုက်နေပြီး ဒီနေ့ မနက်ပိုင်းမှာ ထိတွေ့မှု ပြင်းထန်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ တိုက်ပွဲအခြေအနေကြောင့် မိုးဗြဲမြို့ရှိ သာယာကုန်း၊ပင်သာ၊ သစ်ယာကုန်း၊ ဈေးကုန်း၊ ကွက်သစ်ရပ်ကွက်၊ စည်ကား၊ လယ်တီ နဲ့ ညောင်ဝန်းရပ်ကွက်မှ ပြည်သူများအနေနဲ့ အမြန်ဆုံး စစ်ဘေးရှောင်ရှားကြဖို့ မိုးဗြဲ PDFက တိုက်တွန်းထားပါတယ်။

(မိုးဗြဲ PDF တပ်ဖွဲ့ဝင် အချို့နှင့် မိုးဗြဲ မြို့နယ်တည်​နေရာကို Google Map တွင်​တွေ့ရမှု ။ ဓါတ်ပုံ-မိုးဗြဲ PDF)
(မိုးဗြဲ PDF တပ်ဖွဲ့ဝင် အချို့နှင့် မိုးဗြဲ မြို့နယ်တည်​နေရာကို Google Map တွင်​တွေ့ရမှု ။ ဓါတ်ပုံ-မိုးဗြဲ PDF)

▪️ရခိုင်မုန်တိုင်းသင့်အိမ်ထောင်စုများရဲ့ ၃၀ ရာခိုင်နှုန်းသာ အကူအညီရရှိပြီး ၇၀ ရာခိုင်နှုန်းမှာ အရေးပေါ်အကူအညီလိုအပ်နေဆဲဟု ERRCA အသိပေး

မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ဘေးသင့်ခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ လေဘေးသင့်အိမ်ထောင်စုအား လုံးရဲ့ ၃၀ ရာခိုင်နှုန်းသာ အကူအညီများရရှိထားပြီး ကျန် ၇၀ ရာခိုင်နှုန်းမှာ အရေးပေါ်ထောက်ပံ့မှုများလိုအပ်နေဆဲဖြစ်တယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)မှဖွဲ့စည်းထားတဲ့ အာရက္ခအရေးပေါ်ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ ERRC က အသိပေးထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်သို့ မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှု ၁ လပြည့်မြောက်တဲ့ ဇွန် ၁၄ ရက်မှာ ERRC က အသိပေးထုတ်ပြန်တာပါ။ ဘေးသင့်အိမ်ထောင်စုများကို UN၊ NGOs၊ CBOs၊ CSOs များနဲ့ ပုဂ္ဂလိကအလှူရှင်များရဲ့ကူညီမှုနဲ့ ထောက်ပံ့ခဲ့ရာ ဇွန် ၁၂ ရက်အထိ စားနပ်ရိက္ခာရရှိတဲ့ အိမ်ထောင်စု ၂၁,၁၆၄ စုရှိပြီး အရေးပေါ်အကူအညီလိုအပ်နေတဲ့ အိမ်ထောင်စုနှစ်သိန်းနီးပါး (၁၉၉,၆၀၉)ရှိနေတယ်လို့ ဖော်ပြပါတယ်။

▪️ကပစသို့ရိက္ခာပို့​တဲ့ ကားတွေလုံခြုံရေးပေးမယ့် စစ်ကား မိုင်းဆွဲတိုက်ခံရလို့ ပျက်စီး

မကွေးတိုင်း၊ ပခုက္ကူမြို့ တပ်မ ၁၀၁ မှပေါက်မြို့နယ်အတွင်းရှိ စစ်ကောင်စီကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၂၄)သို့ ရိက္ခာလာပို့တဲ့ ကားတန်းကို လုံခြုံရေးယူပေးမယ့် စစ်ကောင်စီကားကို တိုက်ခိုက်ခဲ့တယ်လို့ အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ​ပြောပါတယ်။ ရိက္ခာသယ်ကား ၁၂ စီးကို လုံခြုံရေးယူပေးမယ့် စစ်ကောင်စီတပ်သား ၃၀ ခန့်ပါတဲ့ ဖောကားဟာ ကမ္မမြို့ဘက်ကို လာစဉ် ​ဒေသခံကာကွယ်​​ရေးတပ်က ပဒေသာမိုင်းများနဲ့ ပခုက္ကူမြို့နယ် အစပ်မှာတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မိုင်းဆွဲပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အဲဒီနေရာကို နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ မော်တော် ယာဉ် အပိုင်းအစများ၊ အရေးပေါ်ဆေးဝါးပစ္စည်းများနဲ့ ကျည်ဆံခွံများ တွေ့ရှိရတယ်လို့ သိရပါတယ်။

(စစ်ကားမိုင်းဆွဲခံရပြီး​နောက်မြ င်​တွေ့ရစဥ်။ ဓါတ်ပုံ-အ​နောက်လွင်ပြင်PDF)
(စစ်ကားမိုင်းဆွဲခံရပြီး​နောက်မြ င်​တွေ့ရစဥ်။ ဓါတ်ပုံ-အ​နောက်လွင်ပြင်PDF)

▪️ဆားတောင်မှာ သုံးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အထိအခိုက်များဟုဆို

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့အနီး စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးအဖွဲ့များ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုအထိအခိုက်များတယ်လို့ တော်လှန်ရေးအင်အားစုများက ပြောပါတယ်။ ဇွန်လ ၁၃ မှ ၁၅ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုများအကြား ပေါက်မတောင်ရွာနဲ့ သာဇင်ကျေးရွာအနီး တိုက်ပွဲများ ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးပြီး စစ်ကြောင်းမှူးတစ်ဦးလည်းပါဝင်တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ တော်လှန်ရေးအင်အားစုများဘက်ကလည်း ရဲဘော် ခြောက်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

(တိုက်ပွဲအတွင်း ပစ်ခတ်နေသည့် ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-CJ)
(တိုက်ပွဲအတွင်း ပစ်ခတ်နေသည့် ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-CJ)

▪️စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်လို့ ရေစကြိုဒေသခံ အမျိုးသမီးလေးဦးထိမှန်ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတ​ပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံ အမျိုးသမီးလေးဦး ထိမှန်ခဲ့ပြီး နှစ်ဦး စိုးရိမ်ရတယ်လို့ ရေစကြိုနယ်ခံများက ပြောပါတယ်။ မနေ့ မနက်အစောပိုင်းက ရေစကြိုမြို့နယ်၊ ညောင်စောက်ရွာအနီးမှ စစ်ကောင်စီတပ်ဟာ တောရွာနဲ့ သမန္တပို့ကျေးရွာဘက်ကို လက်နက်ကြီးနှစ်ချက် ပစ်ခတ်ခဲ့ရာ တောရွာနေ အသက် (၄၅) နှစ်အရွယ် ဒေါ်ကြူမွှေး၊ အသက်(၄၈)နှစ်အရွယ် ဒေါ်ချိုမြင့်၊ မစန်းနုနဲ့ သမန္တပို့ရွာမှ အသက်(၇၀) အရွယ် ဒေါ်တင်စန်းတို့ ဒဏ်ရာများရရှိခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရတယ်လို့ ရေစကြိုဒေသခံများက ပြောပါတယ်။

ရေစကြိုတွင် မေလအတွင်းက စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသောနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj
ရေစကြိုတွင် မေလအတွင်းက စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသောနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj