Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မယ်စဲ့ စခန်းသိမ်းတိုက်ပွဲများကြောင့် ထိုင်းဘက်သို့ ထွက်ပြေးခိုလှုံသည့် စစ်ကောင်စီတပ်သား ၁၁ဦးခန့်ရှိ

လက်ရှိတွင်စစ်ကောင်စီတပ်ကမယ်စဲ့မြို့နယ်ဘက်သို့စစ်အင်အားများ ဖြည့်တင်းနေသည်ဟုလည်းသိရသည်။ ယခင်က တိုက်ပွဲပြင်းထန်ခဲ့သည့် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးရွာအနီးရှိစစ်ကောင်စီတပ်များကို မယ်စဲ့ဘက်သို့ ရွှေ့လာခြင်းဖြစ်သည်ဟုသိရသည်။

(ထိုင်းနိုင်ငံသို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​​သော​စစ်​ဘေး​ရှောင်ပြည်သူများ။ဓါတ်ပုံ-Kantarrawaddy Times)
(ထိုင်းနိုင်ငံသို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​​သော​စစ်​ဘေး​ရှောင်ပြည်သူများ။ဓါတ်ပုံ-Kantarrawaddy Times)

▪︎နယ်စပ်မှတ်တိုင် ဘီပီ ၁၃ ရှိ စစ်ကောင်စီတပ်စခန်းစခန်းကိုစွန့်ခွာ၊ မယ်စဲ့သို့အင်အားဖြည့်နေ၍ တိုက်ပွဲပြင်းထန်နိုင်ဟုဆို

“အုပ်ချုပ်ရေးအဖွဲ့တွေ၊ထွေအုပ်တောင်(စစ်​ကောင်စီဝန်ထမ်းများ) စစ်ရှောင်ဖြစ်သွားပြီလို့ ပြောတယ်” -ကရင်နီစစ်ဘက် သတင်းရင်းမြစ်

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကရင်နီ ပူးပေါင်းတပ်များက ဇွန်လ ၁၃ရက်တွင် စစ်ကောင်စီ တပ်စခန်းများနှင့် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိပြီး ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်သည့် စစ်ကောင်စီတပ်သား ၁၁ဦး ခန့် ရှိသည်ဟု သတင်းရရှိ​ကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ပထမတော့ ၇ယောက်လို့ပြောတယ်နောက်ပိုင်း ၁၁ယောက်လို့ပြောတယ်။ဟိုတနေ့က တိုက်ပွဲဖြစ်တော့ သူတို့ တပ်စခန်းမှာ မနေရဲဘဲထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေဖြစ်တယ်” ဟု ၎င်းကရှင်းပြသည်။

ထို့အပြင် ယနေ့ (​ဇွန် ၁၆) ညနေပိုင်းတွင်မြန်မာ-ထိုင်းနယ်စပ်မယ်စဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း တစ်ခုမှ စစ်ကောင်စီတပ်သားများလ‌ည်း စခန်းကို စွန့်ခွာသွားသည်ဟုသိရသည်။

“ဒီနေ့ညနေမှာဘီပီ – ၁၃ စခန်းက အကုန်လုံးထွက်ပြေး‌ပြီ ပြောတယ်။ သူကလက်နက်ကြီးကုန်းတစ်ကုန်းရှိသေးတယ်။

ဘီပီ ၁၃ကနေ လက်နက်ကြီး ကုန်းကို ဆုတ်ပြေးသွားတာ” ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(ထိုင်းနိုင်ငံသို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​​သော​စစ်​ဘေး​ရှောင်ပြည်သူများ။ဓါတ်ပုံ-Kantarrawaddy Times)
(ထိုင်းနိုင်ငံသို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​​သော​စစ်​ဘေး​ရှောင်ပြည်သူများ။ဓါတ်ပုံ-Kantarrawaddy Times)

လက်ရှိတွင်စစ်ကောင်စီတပ်ကမယ်စဲ့မြို့နယ်ဘက်သို့စစ်အင်အားများ ဖြည့်တင်းနေသည်ဟုလည်းသိရသည်။ ယခင်က တိုက်ပွဲပြင်းထန်ခဲ့သည့် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးရွာအနီးရှိစစ်ကောင်စီတပ်များကို မယ်စဲ့ဘက်သို့ ရွှေ့လာခြင်းဖြစ်သည်ဟုသိရသည်။

“နောက်တစ်ရက်၊နှစ်ရက်တိုက်ပွဲထပ်ပြင်းမယ်”ဟုကရင်နီ စစ်ဘက် သတင်းရင်းမြစ်က ပြောသည်။

ဇွန်လ ၁၃ရက် စခန်းသိမ်းတိုက်ပွဲများအပြီး စစ်ကောင်စီတပ်က လေကြောင်း မှတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာတွင် စစ်ကောင်စီ ဝန်ထမ်းများ (Non-CDM များ )နေထိုင်​သော ဝန်ထမ်းအိမ်ယာများပင် ထိမှန်ခဲ့ခြင်းကြောင့် စစ်​ကောင်စီဝန်ထမ်းများလည်း ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေကြရသည်ဟု​ဒေသခံအချို့က​ပြောသည်။

Public Service Announcement
Public Service Announcement

“ဝန်ထမ်းတွေက ကျန်းမာရေးဝန်ထမ်းတို့ပညာရေးဝန်ထမ်းတို့ Non CDMတွေ။ အုပ်ချုပ်ရေးအဖွဲ့တွေ ထွေအုပ်တောင် စစ်ရှောင်ဖြစ်သွားပြီလို့ ပြောတယ်။” ဟု ကရင်နီ စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

​တိုက်ပွဲများ​ကြောင့်​ဒေသခံပြည်သူများမှာထိုင်းနယ်စပ်သို့ထွက်​ပြေးတိမ်း​ရှောင်​နေကြရာ ဇွန် ၁၅ ရက်အထိ့စစ်​ဘေး​ရှောင်ပြည်သူ ၃၀၀၀ ​ကျော်ရှိ​နေပြီဖြစ်​ကြောင်း ထိုင်းသတင်းဌာနများက​ဖော်ပြသည်။လတ်တ​​လောတွင် ထိုင်းနိုင်ငံ ၊မယ်​ဟောင်​ဆောင်၌ ထိုင်းအာဏာပိုင်များကသတ်မှတ်ထား​သော​နေရာတွင် ခိုလှုံ​နေကြရခြင်းဖြစ်သည်။

(ထိုင်းနိုင်ငံသို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​​သော​စစ်​ဘေး​ရှောင်ပြည်သူများ။ဓါတ်ပုံ-Kantarrawaddy Times)
(ထိုင်းနိုင်ငံသို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​​သော​စစ်​ဘေး​ရှောင်ပြည်သူများ။ဓါတ်ပုံ-Kantarrawaddy Times)

မယ်စဲဒေသ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှသေဆုံးသူများ၊ ဒဏ်ရာရသူများရှိသကဲ့သို့ ဘေးလွတ်ရာသို့ ထွက်ပြေးသူများလည်းရှိပြီး ယခုအခါအဆိုပါ စခန်းသိမ်းတိုက်ခိုက်ခံရသည့် တပ်စခန်းများ၌ စစ်ကောင်စီတပ်သားများ ကုန်ပြီဟု မြေပြင်တပ်မှူးက ပြော​ကြောင်းကရင်နီ စစ်ဘက်သတင်းရင်းမြစ်ကဆိုသည်။

“အခုကတော့ အလစ်ဝင်တိုက်တာ။နောက်ပြီးစခန်းတိုင်း တိုက်ပွဲအကြီး‌ကြီး မဖြစ်ဖူးဘူး။ သူတို့(စစ်ကောင်စီတပ်သားများ)လည်း ပေါ့ပေါ့တန်တန် နေတာမထင်မှတ်တဲ့အနေအထား ။ကျနော်တို့ဘက်ကလည်း အင်အားတွေ စု‌ပြီးတော့မှ လုပ်တဲ့ပွဲဆိုတော့ သူတို့ ရှိတဲ့အင်အားနဲ့သူတို့လည်း အထိနာတာပေါ့” ဟု ကရင်နီ စစ်ဘက် သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် မယ်စဲ့မြို့ထဲသို့ စစ်ကောင်စီတပ်အချို့ ရောက်ရှိနေပြီဖြစ်ကြောင်း၎င်းကဆက်​ပြောသည်။