Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပန်းသာရွာတွင်ပိတ်မိ​နေ​သော ပျူမိသားစုအချို့ အကူအညီ​တောင်း၍ PDF များက​ဘေးလွတ်ရာသို့ပို့​ပေး

ပန်းသာတိုက်ပွဲနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနနှင့် တမူးခရိုင်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

(တမူးမြို့နယ် ၊ပန်းသာရွာကို Google Map ​တွေ့ရစဥ်)
(တမူးမြို့နယ် ၊ပန်းသာရွာကို Google Map ​တွေ့ရစဥ်)

တိုက်ပွဲဖြစ်ပွားပြီးစစ်ရေးတင်းမာနေ​ကာ ​ဒေသခံအရပ်သားများပါပိတ်မိ​နေသော တမူးမြို့နယ် ၊ပန်းသာရွာတွင် ပျူစောထီးမိသားစုဝင်အချို့က ရွာပြင်ထွက်ရန်အကူအညီ​တောင်း၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဘေးလွှတ်ရာသို့ပို့ဆောင်ပေးခဲ့ကြောင်း ​ဒေသခံနှင့် PDF အချို့က​ပြောသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ပန်းသာရွာရှိစစ်တပ်နှင့် ပျူ ပူး​ပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့(ဇွန်လ ၁၅ ရက်နေ့) နံနက်တွင် တိုက်ခိုက်ပြီးနောက်ပိုင်း စစ်ရေးတင်းမာနေခြင်းဖြစ်သည်။ပန်းသာရွာပတ်ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေစိုးမိုးထားသဖြင့် ယနေ့(ဇွန်လ ၁၆ရက်)တွင် ရွာမှ ထွက်ခွာလိုသည့် အရပ်သားများအနက် ပျူစောထီးမိသားစုဝင်အချို့ ပါဝင်လာခြင်းဟု သိရသည်။

” သူတို့ထွက်ချင်တယ်ဆိုပြီး လက်မြောက်ပြီးပြောတယ်။လူငယ်​တွေ(PDF​တွေ)က ဘေးကင်းတဲ့နေရာအထိ ပို့ပေးလိုက်ပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ပန်းသာရွာသည် အိမ်ခြေ ၄၀၀ခန့်ရှိသော ရွာကြီးဖြစ်ပြီးတမူးမြို့ အ​နောက်​တောင်ဘက် ၇ မိုင်ဝန်းကျင်အကွာတွင်ရှိသည်။ ထိုအပြင် ပန်းသာရွာသည် မြန်မာ-အိန္ဒိယနယ်စပ်အနီးတွင်တည်ရှိ​သောရွာဖြစ်ပြီး အိန္ဒိယ-မြန်မာ ချစ်ကြည်​ရေးလမ်း​ပေါ်တွင် တည်ရှိသည်။

(တမူးမြို့နယ် ၊ပန်းသာရွာကို Google Map ​တွေ့ရစဥ်)
(တမူးမြို့နယ် ၊ပန်းသာရွာကို Google Map ​တွေ့ရစဥ်)

စစ်​တပ်မှ အသွင်​ပြောင်းထား​သော ပြည်ထာင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီဝင်အများအပြားရှိပြီး ပျူစောထီးရွာအဖြစ်နာမည်ကြီးသည်။ စစ်ကောင်စီကလည်း ထိုရွာတွင် အခိုင်အမာတပ်စွဲထား၍ ဇွန်လ ၁၅ရက် နံနက်တွင် စစ်​ကောင်စီတပ်နှင့်ပျူ စောထီးပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်းသတင်းရရှိသည်။

ထို့​ကြောင့် ဇွန် ၁၅ ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ကဂျက်ဖိုက်တာ နှစ်စင်းဖြင့် လာရောက်ပစ်ကူ​ပေးတိုက်ခိုက်ခဲ့​သော်လည်း PDF များထိခိုက်မှုမရှိဟုသိရသည်။

ဇွန် ၁၆ ရက်တွင်လည်း စစ်ရေးဆက်လက်တင်းမာနေသဖြင့် ပန်းသာရွာဒေသခံများသည် ရွာမှ ထွက်ခွာနေကြခြင်းဖြစ်ကြောင်း ​ဒေသခံအချို့က​ပြောသည်။

ပန်းသာတိုက်ပွဲနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနနှင့် တမူးခရိုင်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ထို့အပြင် ဇွန် ၁၅ ရက် နံနက်ပိုင်း စခန်းသိမ်းတိုက်ပွဲဖြစ်နေချိန်တချိန်တည်းတွင် အိန္ဒိယနိုင်ငံနှင့်နယ်စပ်အနီးတမူးမြို့၊ နမ့်ဖာလုံးဈေးသို့သွားရာလမ်း ၁၄ တံတားရှိ ပျူစောထီ ဂိတ်ကို ​တော်လှန်​ရေးအဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့​သေးကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် တမူးမြို့မှနာမည်ဆိုးဖြင့်​ကျော်ကြား​သောပျူစောထီးခေါင်းဆောင် ချမ်း‌မြေ့အပါအဝင် ရှစ်ဦးထက်မနည်းဒဏ်ရာရပြီး လေး ဦးသေဆုံးသွားကြောင်း မြို့ခံများကပြောသည်။

” ပန်းသာစခန်းရောပျူဂိတ်ကိုပါ ဗျူဟာမြောက်တိုက်ခိုက်တာနေမယ်။ ပျူစောထီး လေးယောက်သေတာအတည်ပြုနိုင်တယ်”ဟု တမူးမြို့ခံတစ်ဦးက People’s Spring သိူ့ပြောသည်။