Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောမြို့နယ်တွင် PDFတပ်များ နယ်မြေစိုးမိုးရေးလုပ်နေချိန် စစ်တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်

ပုလောမြို့နယ် ပလမြို့၌ ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်သည် ယနေ့(ဇွန် ၁၇)တွင်လည်း ပလစစ်ဆေးရေးဂိတ်ကို နာရီပိုင်းခန့်ဖွင့်ပေးလိုက် လမ်းပြန်ပိတ်လိုက်လုပ်ဆောင်နေခြင်းကြောင့် ကုန်စည်ကူးသန်းသူများနှင့် ခရီးသွားပြည်သူများ သွားလာရေးအခက်အခဲဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

(ပုလောမြို့နယ် မြိတ် - ထားဝယ်လမ်းပိုင်းတွင် PDF တပ်ဖွဲ့များက ယာဥ်အသွားအလာများအား စစ်ဆေးနေစဥ်။ဓာတ်ပုံ - ပေးပို့)
(ပုလောမြို့နယ် မြိတ် - ထားဝယ်လမ်းပိုင်းတွင် PDF တပ်ဖွဲ့များက ယာဥ်အသွားအလာများအား စစ်ဆေးနေစဥ်။ဓာတ်ပုံ - ပေးပို့)

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ နယ်မြေစိုးမိုးရေးလုပ်ဆောင်နေချိန် စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)PPDFမှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

ယနေ့(ဇွန် ၁၇)နေ့လယ် ၂နာရီခွဲခန့်က မြိတ်ခရိုင် တပ်ရင်း(၁)မှ ရဲဘော်များသည် ပုလောမြို့နယ်၊ ပလမြို့နယ်ခွဲ၊ ပဝတ်ကုန်းကျေးရွာအနီး မြိတ် – ထားဝယ်လမ်းပိုင်း၌ နယ်မြေစိုးမိုးရေးအတွက် ယာဥ်များအားစစ်ဆေးနေစဥ် ခရီးသွားယာဥ်များနှင့်အတူ စစ်ကောင်စီတပ်မှ အင်အား ၁၅ ဦးခန့်ရောနှော လိုက်ပါလာ၍ စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“မွန်းလွဲ ၂နာရီခွဲလောက် ဂိတ်စစ်နေရင်း စကစတပ်က ကားနဲ့လာပြီး ပစ်တာ။ စစ်ကားနဲ့မဟုတ်ဘဲ ကျောက်တင်ကားနဲ့လာတာ”ဟု မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

စစ်ကောင်စီတပ်သားများသည် ကျောက်တင်ယာဥ်နှစ်စီးတွင် တစ်စီးဖြင့်လိုက်ပါလာခြင်းဖြစ်ပြီး အပြန်အလှန် အနီးကပ်ပစ်ခတ်ချိန် နာရီဝက်ခန့်ကြားမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် အပြန်အလှန်ပစ်ခတ်မှုအတွင်း ကျောက်တင်ယာဥ်နှစ်စီးတွင် ယာဥ်တစ်စီးပေါ်မှ ယာဥ်မောင်းဖြစ်သူ ကျည်ထိမှန်အသက်ဆုံးရှုံးခဲ့ရခြင်းအား မြိတ်ခရိုင် တပ်ရင်း(၁)အနေဖြင့် လွန်စွာစိတ်မကောင်းဖြစ်ရပြီး မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း အသိပေးသည်။

PDFတပ်ဖွဲ့များမှ နယ်မြေစိုးမိုးမှုရယူ၍ လမ်းပိုင်းစစ် ဆေးမှုလုပ်ဆောင်လျှက်ရှိသော ပဝတ်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လအတော်ကြာ ခြေကုပ်ယူခဲ့သည့် ရှေ့တန်းကင်းစခန်းနေရာတစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ အကြိမ်ကြိမ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ စခန်းစွန့်ခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် ပဝတ်ကုန်းကို လက်လွှတ်ခဲ့ရသော စစ်ကောင်စီတပ်သည် မြိတ် – ထားဝယ်လမ်းပိုင်း ပလမြို့တွင် အဓိကခြေကုပ်ယူထားပြီး PDF တပ်ဖွဲ့များ နယ်မြေစိုးမှုရယူထားသော ပဝတ်ကုန်းရွာနှင့် ကဒဲကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်လျှက်ရှိကြောင်း စုံစမ်းသိရသည်။

အလားတူ ယမန်နေ့(ဇွန် ၁၆)ကလည်း နံနက် ၉ နာရီခန့်ကတည်းက ပလစစ်ဆေးရေးဂိတ်အား ပိတ်ဆို့ကာ ခရီးသွားယာဥ်များအား ဖြတ်သန်းခွင့်မပြုဘဲ ထားရှိ၍ ပဝတ်ကုန်းနှင့် ကဒဲဘက်သို့ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ခတ်ခဲ့သောကြောင့် ယာဥ်အစီးရေဆယ်နှင့်ချီ ပိတ်မိခဲ့သည်။

“မနေ့မနက်ကတည်းက ပိတ်ထားတာ။ ညကျမှ ပြန်ဖွင့်ပေးတယ်”ဟု စစ်ကောင်စီတပ်က လမ်းပိတ်ထား၍ ခရီးသွားယာဥ်များ ပိတ်မိခဲ့သည့်အခြေအနေကို မြိတ်ခရိုင် ရင်း(၁)မှ တာဝန်ရှိသူက ရှင်းပြသည်။

ပုလောမြို့နယ် ပလမြို့၌ ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်သည် ယနေ့(ဇွန် ၁၇)တွင်လည်း ပလစစ်ဆေးရေးဂိတ်ကို နာရီပိုင်းခန့်ဖွင့်ပေးလိုက် လမ်းပြန်ပိတ်လိုက်လုပ်ဆောင်နေခြင်းကြောင့် ကုန်စည်ကူးသန်းသူများနှင့် ခရီးသွားပြည်သူများ သွားလာရေးအခက်အခဲဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။