Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၁၇ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်ကောင်စီကို ဆက်လက်ဖိအားပေးကြဖို့ ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

နိုင်ငံတကာအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ထိုက်သင့်တဲ့ဖိအားပေးမှု ဆက်လက်လုပ်ဆောင်ဖို့ အရမ်းအရေးကြီးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးရဲ့ ဝါရှင်တန်ခရီးစဥ်မှာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ပူးတွဲသတင်းစာရှင်းလင်းပွဲခဲ့ရာ နှစ်ဦးစလုံးက မြန်မာ့အရေးအဆိုးမြင်မှုတွေလည်း ရှိနေပါတယ်။ အမေရိကန်က အာဆီယံရဲ့ကြိုးပမ်းမှုကို အားပေးထောက်ခံပြီး အာဆီယံအနေနဲ့ စစ်ကောင်စီအရာရှိကြီးတွေကို ပြန်လည်ထိတွေ့ဆက်ဆံရမယ့်အချိန်မရောက်သေးဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ တော်လှန်ရေးအင်အားစုများအပါအဝင် မြန်မာနိုင်ငံရှိ stakeholder များနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံနေတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာ့အရေးအပေါ် စင်ကာပူနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ အဆိုးမြင်
မြန်မာ့အရေးအပေါ် စင်ကာပူနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ အဆိုးမြင်

▪️စစ်ကောင်စီကို အာဆီယံ အသိုက်အဝန်းထဲ နေရာပြန်ပေးနိုင်ရေး ထိုင်းအစိုးရ လော်ဘီလုပ်နေ

အာဏာသိမ်းစစ်အစိုးရကို အာဆီယံ အသိုက်အဝန်းထဲမှာ နေရာပြန်ပေးဖို့ ထိုင်းအစိုးရက ရှေ့ဆောင်လမ်းပြ အားထုတ်နေတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲအပြီးမှာ ကြားကာလ အစိုးရ အနေနဲ့ တာဝန်ယူထားတဲ့ ထိုင်းအစိုးရဟာ အခု သီတင်းပတ်ကုန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို မြန်မာ့အရေး ဆွေးနွေးဖို့ကိစ္စ အလွတ်သဘောဖိတ်ခေါ်ထားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးကိုပါ ထည့်သွင်းဖိတ်ကြားထားတယ်လို့ ဒီကိစ္စနဲ့ ပတ်သက်သူသုံးဦးက Reuters သတင်းဌာနဆီ အတည်ပြုခဲ့ပါတယ်။

စစ်ကောင်စီကို အာဆီယံ အသိုက်အဝန်းထဲ နေရာပြန်ပေးနိုင်ရေး ထိုင်းအစိုးရ လော်ဘီလုပ်နေ
စစ်ကောင်စီကို အာဆီယံ အသိုက်အဝန်းထဲ နေရာပြန်ပေးနိုင်ရေး ထိုင်းအစိုးရ လော်ဘီလုပ်နေ

▪️ဖား​ဆောင်းမြို့နယ်မှာတိုက်ပွဲစဖြစ်၊ ပိုမိုပြင်းထန်လာနိုင်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွား​နေပြီး ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဖားဆောင်း PDF က ဒီနေ့ထုတ်ပြန်ပါတယ်။ မနေ့က ဖားဆောင်းမြို့နယ်၊သံလွင်မြစ်အရှေ့ဖက်ခြမ်းမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဘောလခဲဘက်ကနေ အင်အား ၂၀၀ လောက်နဲ့ ဖားဆောင်းဘက်ကို အင်အားတိုးထားတယ်လို့ ကရင်နီစစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဇွန်လ ၁၃ ရက်က မယ်စဲ့မြို့ရှိ စစ်ကောင်စီ စခန်းသုံးခုနဲ့ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဖားဆောင်းမြို့ကို စစ်ကောင်စီက အခုလို အင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။

▪️ဝိုင်းမော်နယ်မှာ KIAနဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နန်ဆန်ယာန်ရွာအနီးရှိ နန်ဆန်ယာန်ချောင်းမှာ မနေ့ နေ့ခင်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နန်ဆန်ယာန်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ KIA ဘက်က ထိခိုက်မှုမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိတယ်လို့ ဒေသခံက ပြောပါတယ်။

(နန်ဆန်ရွာအနီးတိုက်ပွဲ၌ KIAက သိမ်းဆည်းရရှိခဲ့သည့် ခဲယမ်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(နန်ဆန်ရွာအနီးတိုက်ပွဲ၌ KIAက သိမ်းဆည်းရရှိခဲ့သည့် ခဲယမ်းအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️သရက်​ချောင်းရှိ စစ်အုပ်စုစခန်းကို PDFများစီးနင်းတိုက်ခိုက်၊ စစ်သားနဲ့ပျူများ မခုခံဘဲထွက်​ပြေး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့မှ စစ်ကောင်စီတပ်နဲ့ ပျူ​စောထီးတို့ရဲ့ ကင်းစခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခြင်းမရှိဘဲ ထွက်ပြေးသွားတယ်လို့ PDF များက​ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ သရက်ချောင်းမြို့အထွက်ရှိ ကင်းစခန်းတစ်ခုကို ဇွန်လ ၁၂ ရက် မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွား​ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်ဆင်ရေးကို ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်နဂါးတပ်ခွဲ(၂)၊ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းပြုလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

▪️ရန်ကုန်က လမ်းညွှန်ဆိုင်းဘုတ်များကို စစ်ကောင်စီ အစိမ်းရောင်ပြောင်းလဲ

အာဏာသိမ်းစစ်ကောင်စီဟာ ဆူးလေဘုရားလမ်းနဲ့ လမ်းမသုံးခုမှ လမ်းညွှန်ဆိုင်းဘုတ်များကို အပြာရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲလိုက်ပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်များကို အပြာရောင်အသုံးပြုလေ့ရှိပေမယ့် ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ မဟာဗန္ဓုလလမ်းနဲ့ ဆူးလေဘုရားလမ်းပေါ်ရှိ လမ်းညွှန်ဆိုင်းဘုတ်များကို အစိမ်းရောင်သို့ ပြောင်းလိုက်တာပါ။ ဗေဒင် ယတြာကို အလွန်အမင်းယုံကြည်တဲ့ စစ်တပ်ခေါင်းဆောင်များရဲ့ လုပ်ဆောင်ချက်ဖြစ်နိုင်ပြီး အကြောင်းအရာတစ်ခုခုအတွက် ယတြာချေခြင်းဖြစ်နိုင်တယ်လို့ ပြည်သူများက သုံးသပ်ပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်များ အရောင်ပြောင်းလဲတာကို မေလအတွင်းက စတင်လုပ်ဆောင်ခဲ့တာပါ။

▪️စစ်ကိုင်းနဲ့ ဆားလင်းကြီးနယ်က နေအိမ်များမီးရှို့ခံထားရတဲ့ ပြည်သူများ စားဝတ်နေရေးခက်ခဲနေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လတ်တလောမီးရှို့ဖျက်ဆီးခံထားရတဲ့ ဒေသခံပြည်သူများမှာ စားဝတ်နေရေးအခက်အခဲများ ရှိနေတယ်လို့ ဒေသတွင်းစစ်ဘေးရှောင် ကူညီနေသူများက ပြောပါတယ်။ ဇွန်လ ၉ ရက်မှစတင်ကာ စစ်ကိုင်းမြို့နယ်၊ ဆားတောင်တိုက်နယ်ရှိ ကျေးရွာများနဲ့ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစခန်းဝန်းကျင်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှု သီတင်းတစ်ပတ်နီးပါး ပြုလုပ်ခဲ့ပါတယ်။ စစ်ဘေးရှောင်ဦးရေ ထောင်ချီရှိနေပြီး လက်တလောစားနပ်ရိက္ခာအခက်အခဲများရှိနေ​တယ်လို့ ဒေသတွင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောပါတယ်။