Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့နယ် ပန်းသာရွာတိုက်ပွဲ စစ်ကောင်စီတပ်အထိနာပြီးနောက် ကျေးရွာကို ဂျက်ဖိုက်တာနှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ပန်းသာကျေးရွာကို ယမန်နေ့(ဇွန်လ ၁၇ရက်) ည ၇နာရီခန့်နှင့် ၇နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

(ပန်းသာကျေးရွာပြ မြေပုံအား တွေ့ရစဥ်)
(ပန်းသာကျေးရွာပြ မြေပုံအား တွေ့ရစဥ်)

တမူးမြို့နယ်၌ ဇွန်လ ၁၅ ရက်ကတိုက်ပွဲတွင် စစ်ကောင်စီတပ်အထိနာပြီးနောက် အဆိုပါမြို့နယ်ရှိ ပန်းသာကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တမူးမြို့ခံများက ပြောသည်။

ပန်းသာကျေးရွာကို ယမန်နေ့(ဇွန်လ ၁၇ရက်) ည ၇နာရီခန့်နှင့် ၇နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“ရွာထဲတစ်လုံး၊ ရွာပြင်တစ်လုံး ကျတယ်။ ကျွန်တော်တို့ရဲဘော်တွေ အထိအခိုက်မရှိဘူး။ ရွာထဲအခြေအနေကိုတော့ မသိဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပန်းသာကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျုစောထီးပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ ၁၅ရက် နံနက်တွင် တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၂၀ဦးခန့်သေပြီး သေဆုံးသူများတွင် ပန်းသာရွာမှ ပျူစောထီးခေါင်းဆောင်လည်း ပါဝင်သည်ဟု တမူးမြို့ခံအချို့က ပြောသည်။

Public Service Announcement
Public Service Announcement

“ပျူတွေတော်တော်သေတယ် ကြားတယ်ဗျ။ ပထမ ငါးယောက်လောက်ပဲ ကြားတာ။ ဒီနေ့ကြားတာ ၂၀လောက်ကိုရှိတယ်ဗျ”ဟုတမူးမြို့ခံတစ်ဦးက ပြောသည်။

သို့သော် စစ်ကောင်စီတပ်သားများ သေဆုံးမှုကို People’s Spring အနေဖြင့် အတည်မပြုနိုင်သေးပေ။

ပန်းသာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ရေးတင်းမာနေပြီး အရပ်သားအများအပြားပိတ်မိနေသည်ဟု သတင်းရရှိသည်။ စစ်ရေးဆက်လက်တင်းမာလာနိုင်၍ ဘေးလွတ်ရာထွက်ခွာလိုသည့် ဒေသခံများကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဘေးလွှတ်ရာသို့ ပို့ဆောင်ပေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

ပန်းသာကျေးရွာသည် ပျူစောထီးကြီးစိုးသည့်ရွာဖြစ်ပြီး ကျေးရွာမှထွက်ခွာလိုသည့် ဒေသခံများတွင် ပျူစောထီးမိသားစုဝင်များလည်း ပါဝင်လာသောကြောင့် ၎င်းတို့ကိုလည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဘေးလွှတ်ရာသို့ ပို့ဆောင်ပေးနေကြောင်း အထက်ပါထောက်ပို့ရဲဘော်က ပြောသည်။