Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရလှူဖို့ ရင်ထိုးလေလံတင်တဲ့ သရုပ်ဆောင်ဒေါင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရလှူဖို့ ရင်ထိုးလေလံတင်တဲ့ သရုပ်ဆောင်ဒေါင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရလှူဖို့ ရင်ထိုးလေလံတင်တဲ့ သရုပ်ဆောင်ဒေါင်း

ပရိသတ်များ အမှတ်တရပေးထားသည့် မြန်မာပြည်မြေပုံရင်ထိုးကို လေလံတင်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရအဖြစ် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် လှူဒါန်းမည်ဟု သရုပ်ဆောင်ဒေါင်းက အသိပေးထားသည်။

“မနက်ဖြန် ( ၁၉.၆.၂၀၂၃) မှာ ကျရောက်မယ့် အမေ့မွေးနေ့မှာ အမှတ်တရလေးတခုတော့လုပ်ပေးချင်လို့ အစီအစဉ်လေးတခု စဉ်းစားထားပါတယ်။ ကျွန်တော်ထိုင်းနိုင်ငံ TVGold Award ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ မြန်မာပြည်မြေပုံ ရင်ထိုးလေးကို ဈေးအများဆုံးပေးတဲ့သူကိုရောင်းချင်ပါတယ်”ဟု Daung Art Corner ၏ ဖေ့စ်ဘွတ်ခ်၌ ယနေ့ည ၇နာရီတွင် ကြေညာထားသည်။

ရင်ထိုးရောင်းချငွေ အားလုံးကို‌ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် စစ်ကောင်စီ၏ရန်ကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် လှူဒါန်းမည်‌ဖြစ်‌ သောကြောင့် ရင်ထိုးဝယ်ယူမည့် ဈေးနှုန်းကို ယနေ့ည ၁၂ နာရီခွဲ နောက်ဆုံးထား၍ Daung Art Corner ၏ ‌မက်ဆန်ဂျာတွင် လာရောက်ပြောနိုင်ကြောင်း အသိပေးထားသည်။