Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒရုန်းတပ် တိုက်ခိုက်

စစ်ဆင်ရေးကိုတော့ စစ်ကိုင်းခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ ကွပ်ကဲမှုကိုခံယူပြီးဆောင်ရွက်ခဲ့တာလို့ Federal Wings က အသိပေးပါတယ်။

မြင်းမူမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒရုန်းတပ် တိုက်ခိုက်
မြင်းမူမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒရုန်းတပ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မရဲစခန်းနဲ့ မြင်းမူထွေအုပ်ရုံးတွေကို ပြီးခဲ့တဲ့ စနေနေ့က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ရဲစခန်း အဆောက်အဦး ၂ လုံးနဲ့ ထွေအုပ်ရုံး အဆောက်အဦး ၃ လုံးပေါ် ဗုံးတိုက်ရိုက်ထိမှန်ခဲ့တယ်လို့ Federal Wings ကဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်မှုရှိပေမယ့်အသေးစိတ် ကို ဆက်လက်စုံစမ်းနေဆဲလို့ Federal Wings က ပြောထားပါတယ်။

တိုက်ခိုက်ခံရတဲ့ မြင်းမူမြို့နယ် ရဲစခန်းနဲ့ ထွေအုပ် ရုံးတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းချ တပ်စွဲပြီး ဒရုန်းပျံသန်းမှုကို အနှောင့်အယှက်ဖြစ်စေတဲ့ ဆက်သွယ်ရေးလှိုင်းဖြတ်စက် ( Jammer ) တွေ တပ်ဆင်ထားတဲ့နေရာတွေဖြစ်တယ်လို့ လည်း Federal Wings က ထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးကိုတော့ စစ်ကိုင်းခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ ကွပ်ကဲမှုကိုခံယူပြီးဆောင်ရွက်ခဲ့တာလို့ Federal Wings က အသိပေးပါတယ်။

အခုလို တိုက်ခိုက်ခဲ့တဲ့ မြင်းမူမြို့နယ်ဟာ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်နဲ့ ဧရာဝတီမြစ်သာခြားပါတယ်။