Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူမြို့ ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲရာ​နေရာများ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

သင်္ကြန်အတက်နေ့ နံနက်ပိုင်းကလည်း DKPDFနှင့် အဖွဲ့များက မြင်းမူမြို့နယ်၊ ဘုန်းမကြီးကင်းကျေးရွာရှိ စစ်ကောင်စီတပ်အား (၈၀)မမ၊ (၆၀) မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

((စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်ကောင်စီတပ်သားများက အင်အားအများအပြားဖြင့် လိုက်လံဖြိုခွင်းနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီလက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
((စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများအား စစ်ကောင်စီတပ်သားများက အင်အားအများအပြားဖြင့် လိုက်လံဖြိုခွင်းနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီလက တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu အဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဧပြီ ၁၈ရက်) ညနေ၆နာရီ မိနစ် ၄၀ခန့်က မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား (၈၀) မမ သုံးလုံး၊ (၆၀) မမ လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်အုပ်စုထိခိုက်မှုများပြားနိုင်ပြီး အရေအတွက်မသိရသေးကြောင်း DKPDF-MMU ၏ တာဝန်ခံက ပြောသည်။

“ရဲစခန်းနဲ့ ကျောင်းထဲတပ်စွဲထားတဲ့စကစတွေကို ပစ်ခတ်တိုက်ခိုက်တာပါ။ မိနစ် ၂၀လောက်တော့ကြာမယ်။ ပစ်ပြီးတော့ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ ရဲဘော်တွေတော့အထိအခိုက်မရှိဘူး”ဟု DKPDF-MMU ၏ တာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို (PAFD) တပ်ခွဲ DK PDF-MMU၊ People’s Knight Defence Force Myinmu(PKDF MMU) ၊ Zarmini Revolution Force Myinmu/Myaung ၊မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း(ပကဖ)၊TAUNGTHA People ၊ Defense Force(TTAPDF)နှင့် (D.B.B.F-MMU)စသည့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပြီး လက်နက်ခဲယမ်းနည်းပါးနေ၍ တိုက်ရိုက်ဆက်သွယ်လှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံထားသည်။

သင်္ကြန်အတက်နေ့ နံနက်ပိုင်းကလည်း DKPDFနှင့် အဖွဲ့များက မြင်းမူမြို့နယ်၊ ဘုန်းမကြီးကင်းကျေးရွာရှိ စစ်ကောင်စီတပ်အား (၈၀)မမ၊ (၆၀) မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။