Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလိန်အောင်အခြေစိုက် ခမရ(၄၀၈)တပ်ရင်းအား PDF ပူးပေါင်းတပ် သွားရောက်တိုက်ခိုက်

ကလိန်အောင်အခြေစိုက် ခမရ(၄၀၈)တပ်ရင်းအား ရွှေဘီလုံး(LPDF)တပ်ဖွဲ့နှင့် ထားဝယ်ခရိုင် တပ်ရင်း (၁)မှ တနင်္သာရီစစ်ကြောင်းတို့ ပူးပေါင်းပြီး ဇွန်လ ၂၂ ရက်နံနက် ၄ နာရီတွင်(၄၀) မမဗုံးသီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ- Reuters)
(စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖြိုခွင်းရန် ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ- Reuters)

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်အခြေစိုက် စစ်ကောင်စီ၏ ခမရ(၄၀၈)တပ်ရင်းအား သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလိန်အောင်အခြေစိုက် ခမရ(၄၀၈)တပ်ရင်းအား ရွှေဘီလုံး(LPDF)တပ်ဖွဲ့နှင့် ထားဝယ်ခရိုင် တပ်ရင်း (၁)မှ တနင်္သာရီစစ်ကြောင်းတို့ ပူးပေါင်းပြီး ဇွန်လ ၂၂ ရက်နံနက် ၄ နာရီတွင်(၄၀) မမဗုံးသီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဖက်ကတော့ (၄၀)မမ ဗုံးသီးနဲ့ ပစ်ခတ်ပြီး ဆုတ်ခွာလာခဲ့တာပါ။ အချိန်အားဖြင့် ၁၅ မိနစ်လောက်ပါပဲ။သူတို့ဖက်က ပြန်လည်ပစ်ခတ်တာတော့ရှိပါတယ်”ဟု တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဝင်းအတွင်း အင်အား ၁၀၀ ခန့်ရှိပြီး တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်ထိခိုက်မှုရှိသော်လည်း သေဆုံးမှုရှိ၊မရှိ အတည်မပြုနိုင်သေးကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

“တိုက်ခိုက်ခံရပြီးနောက် ရွာခံပြည်သူတွေရဲ့ပြောပြချက်အရတော့ စုံစမ်းမှုတွေပြုလုပ်နေတယ်လို့တော့ကြားရပါတယ်။ အသေအပျောက်စာရင်းလည်း ကျွန်တော်တို့ပြန်ကြားရပေမယ့် အတည်ပြုဖို့ခက်ခဲနေတာကြောင့် သေဆုံးစာရင်းကို မဖော်ပြတော့တာပါ”ဟု တပ်ရင်း(၁)မှ တာဝန်ရှိသူက ဆက်ပြောသည်။

ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ထားဝယ်-ထီးခီးလမ်းပိုင်း၌ PDF ပူးပေါင်းတပ်များမှ နယ်မြေစိုးမိုးရေးလမ်းပိုင်းစစ်ဆေးမှုများလုပ်ဆောင်လျှက်ရှိရာ ဇွန် ၁၇ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ ထားဝယ်ခရိုင် PDF တပ်ရင်း(၁) မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်။