▪︎မြင်းမူမြို့တွင် Jammer တက်ထားသော ရဲစခန်းနှင့်ထွေအုပ်ရုံးကို ဒရုန်းဖြင့်တိုက်ခိုက်
ကရင်ပြည်နယ်တွင် အခြေစိုက်တိုက်ပွဲဝင်ခဲ့သာ Federal Wings ဒရုန်းတပ်ဖွဲ့ သည် စစ်ကိုင်းတိုင်းစစ်မျက်နှာပြင်သို့ရောက်လာပြီး တစ်ပါတ်အတွင်း စစ်ကောင်စီ ပစ်မှတ် ၃ ခုကိုတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၄)နှင့် တပ်မဟာ(၆)နယ်မြေများ၌တိုက်ပွဲဝင်ခဲ့သည့် Federal Wings တပ်ဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်း ပထမဆုံးတိုက်ပွဲအဖြစ်ဇွန်လ ၁၈ရက်နှင့် ၁၉ရက်နေ့များတွင် စစ်ကိုင်းမြို့နယ် မန္တလေး- မုံရွာ ကားလမ်းမကြီးဘေးရှိ ညောင်ပင်ဝန်း ရဲစခန်းကို ဗုံးသီးချ တိုက်ခိုက်ခဲ့သည်။
![(Federal Wings ၏ ဒရုန်းများကိုတွေ့ရစဥ်။ ဓါတ်ပုံ-FW)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/06/355101511_604985608366902_4786032992846742012_n.jpg?resize=880%2C380&ssl=1)
အဆိုပါစစ်ဆင်ရေးအားစစ်ကိုင်းခရိုင်ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှုခံယူ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်းFederal Wings ကအသိပေးထားသည်။တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးဟုဆိုသည်။
ထိုအပြငိ ဇွန်လ ၂၄ရက် ညဦးပိုင်းကလည်း စစ်ကိုင်းတိုင်း မြင်းမူမြို့မရဲစခန်းနှင့် မြင်းမူမြို့နယ် ထွေအုပ်ရုံးတို့ကိုကြောင်းFederal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မြင်းမူ ရဲစခန်းနှင့် ထွေအုပ်ရုံး ရှိ အဆောက်အဦး ထိခိုက်မှုရှိခဲသည်ဟုယနေ့ (ဇွန် ၂၆ တွင်)ထုတ်ပြန်သည်။
![(Federal Wings ၏ ဒရုန်းများကိုတွေ့ရစဥ်။ ဓါတ်ပုံ-FW)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2023/06/356382784_604985718366891_2508673356080010395_n.jpg?resize=805%2C1024&ssl=1)
အဆိုပါတိုက်ခိုက်မှုတွင် ရဲစခန်းအဆောက်အအုံ (၂) လုံး နှင့် ထွေအုပ်ရုံးအဆောက်အအုံ (၃) လုံးတို့အပေါ် တိုက်ရိုက်ထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများ ရှိကြောင်း သိရသည်ဟု ထုတ်ပြန်ထားသည်။
ထိခိုက်ပျက်စီမှု အသေးစိတ်အား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းလည်း အသိပေးထားသည်။
မြင်းမူမြို့ခံတစ်ဦးကလည်း”အထိခိုက်ကတော့မသိရဘူးဗျ။ ထွေအုပ်ရုံးနဲ့ရဲစခန်းဝင်းလို့ကြားတယ်။”ဟုပြောသည်။
အဆိုပါ ရဲစခန်းနှင့် ထွေအုပ်ရုံးသည် စစ်ကောင်စီတပ်ဖွဲ့များစခန်းချတပ်စွဲသည့်နေရာများဖြစ်ပြီး Drone Jammer များဖြင့် ကာကွယ်ထားသောနေရာများဖြစ်ကြောင်းလည်းသိရသည်။
စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးများနှင့်ပတ်သက်ပြီး မေးမြန်းရန် Federal Wings သို့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)