Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီကိုပြန်လည်တိုက်ခိုက်​​​နေပြီဖြစ်​ကြောင်းကလလတ (KNPLF)တရားဝင်​ကြေညာ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကို ဖိအားပေးကာ နယ်ခြားစောင့်တပ်အဖြစ် လက်အောက်သွပ်သွင်းထားရာမှ ၁၀၀၄ ၊ ၁၀၀၅ တို့သည်စစ်ကောင်စီ ကို ပြန်လည်တွန်းလှန်တိုက်ခိုက်သည့် ပထမဆုံးတပ်ရင်းများဖြစ်လာသည်။

(၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းစစ်တပ်ကို ဆန္ဒထုတ်ဖော်သည့် လူထုကို အကာအကွယ်ပေးခဲ့သည့် KNPLF တပ်ဖွဲ့ဝင်များ နှင့် ယနေ့​ကြေညာချက်။ဓါတ်ပုံ-CJ)
(၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းစစ်တပ်ကို ဆန္ဒထုတ်ဖော်သည့် လူထုကို အကာအကွယ်ပေးခဲ့သည့် KNPLF တပ်ဖွဲ့ဝင်များ နှင့် ယနေ့​ကြေညာချက်။ဓါတ်ပုံ-CJ)

စစ်ကောင်စီ ပြန်လည်တိုက်ခိုက်နေပြီဖြစ် ကြောင်း ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF) က ယနေ့ တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

“အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူများ – အကြမ်းဖက်(စကစ) စစ်အုပ်စုကို ခုခံတိုက်ခိုက်နေကြတဲ့ တောင်ပေါ်မြေပြန့်ဒေသအနှံ့က ရဲဘော်များ၊တိုက်ဖော်တိုက်ဖက်များ ခင်ဗျား၊ ခင်ဗျားတို့နဲ့တန်းတူ ရင်ဘောင်တန်းပြီအကြမ်းဖက်(စကစ) စစ်အုပ်စုကို ပြန်လည် တိုက်ခိုက်နေပြီလို့ကျနော်တို့ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေတပ်ဦး( ကလလတ) က တရားဝင်အသိပေးကြေညာအပ်ပါတယ်”ဟု ကလလတ (KNPLF )က အဖိနှိပ်ခံပြညိသူများနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီကို ​တော်လှန်တိုက်ခိုက်​နေပြီဖြစ်​ကြောင်းစာမျက်နှာ ၅ မျက်နှာပါဝင်​သော​ကြေညာချက်ကိုထုတ်ပြန်သည်။

“ကျနော်တို့အခြေပြုလှုပ်ရှားကရင်နီပြည်(ကယားပြည်နယ်) ထဲက ဒေသတစ်ခုဖြစ်တဲ့ သံလွင်အရှေ့ ဘက်ခြမ်းက တောင်လှ၊ မယ်တနွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က စတင် ပစ်ခတ် လိုက်တဲ့ သေနတ်သံများတိုက်ပွဲများနဲ့ ကျနော်တို့ အဖွဲ့အစည်း(ကလလတ) ရဲ့ သမိုင်းစာမျက်နှာသစ်ကို တရားဝင်ဖွင့်လှစ် လိုက်ပါပြီ”ဟုလည်း​ကြေညာသည်။

ထို့အပြင် ​တောင်​ပေါ်​မြေပြန့်နိုင်ငံတစ်ဝန်း ​တော်လှန်​ရေူအင်အားစုများက စစ်​ကောင်စီကို ​တော်လှန်တိုက်ခိုက်​တေကြသလို ကရင်နီပြည်စစ် မျက်နှာတွင်စစ်အုပ်စုအား ပြတ်ပြတ်သားသား တိုက်ခိုက်သွားမည်ဟု KNPLF ကတိပြုသည်။

“စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေ အကုန်အစင်တိုက်ဖျက်ရေး ကို ကျနော်တို့ (ကလလတ) အဖွဲ့အစည်းအနေနဲ့ လတ် တလောရည်မှန်းချက်အဖြစ် တိတိကျကျထားရှိကာ အကြမ်း ဖက်(စကစ) စစ်အုပ်စု ကို တော်လှန်တိုက်ခိုက်နေကြတဲ့ တောင်ပေါ်မြေပြန့်ဒေသအနှံ့က မည်သည့်တော် လှန်ရေး အဖွဲ့အစည်းတွေနဲ့မဆို အပြန် အလှန်နား လည်မှု၊ သွေးစည်းညီညွတ်မှု၊ မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းမှုများကို အဆင့်ဆင့်တည်ဆောက်သွားနိုင်ဖို့ အတွက် လည်း စိတ်ရောကိုယ်ပါ အဆင်သင့်ရှိနေပါတယ်”ဟု KNPLF က ပြောသည်။

ထို​ကြောင့်စစ်အုပ်စုကိုတော်လှန် တိုက် ခိုက်နေကြသည့် တောင်ပေါ်မြေပြန့်ဒေသအနှံ့ရှိ မည်သည့်တော် လှန်ရေး အဖွဲ့အစည်းနှင့်မဆို အခြေခံအဆင့်ဖြစ်သည့် တိုက်ပွဲဝင်အပြန်အလှန်နားလည်မှုရရှိရေးမှ အစပြု၍ အပြန်အလှန်ကူညီ သွေးစည်းညီညွတ်ကြရန် နှင့် မဟာမိတ် တပ်ပေါင်းစုတစ်ရပ် ဖွဲ့စည်းသွားနိုင်ရန်အထိ မျှော်မှန်းထားကြောင်းလည်း အသိပေးသည်။

အကြမ်းဖက်(စကစ) စစ်အုပ်စု တည်မှီရာ အခြေခံဖြစ်သည့် စစ်အုပ်စု၊ စစ်အာဏာရှင် စနစ်၊ စစ်အစိုးရနှင့်၂၀၀၈ အခြေခံဥပဒေကို အကုန်အစင်တိုက်ဖျက်ပစ်ရေးတာဝန်သည် KNPLF အဖွဲ့ အစည်းကဲ့သို့ အဖွဲ့ငယ်တစ်ခုအတွက် ကြီးမားပြီး ကျယ်ပြန့်နေသော်လည်း နိုင်ငံရေး ပါတီအဖွဲ့ အစည်းအားလုံး၊ တပ်မတော်တပ်ဖွဲ့အားလုံးက တညီတညွတ်တည်းသွေးစည်းကြပြီး ဦးထမ်းပဲ့ထမ်းဆောင်ရွက် မှသာ မြန်မြန်ဆန်ဆန်လက်တွေ့ကျကျစုပေါင်းအကောင်အထည်ဖော်နိုင်လိမ့်မည်ဟုလည်း​ဖော်ပြထားသည်။

(၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းစစ်တပ်ကို ဆန္ဒထုတ်ဖော်သည့် လူထုကို အကာအကွယ်ပေးခဲ့သည့် KNPLF တပ်ဖွဲ့ဝင်များ နှင့် ယနေ့​ကြေညာချက်။ဓါတ်ပုံ-CJ)
(၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းစစ်တပ်ကို ဆန္ဒထုတ်ဖော်သည့် လူထုကို အကာအကွယ်ပေးခဲ့သည့် KNPLF တပ်ဖွဲ့ဝင်များ နှင့် ယနေ့​ကြေညာချက်။ဓါတ်ပုံ-CJ)

စစ်ရေးဆိုင်ရာစိန်ခေါ်မှုများစသည့် အကြောင်းအချက်အမျိုးမျိုးများ၏ အောက်၌ မလွှဲ သာမရှောင်သာ၍ ၁၉၉၄ ခုနှစ်၊ မေလ (၉) ရက်နေ့၌ (နအဖ) စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ရကာ ၁၉၉၄ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့အထိ နှစ်ပေါင်း ၃၀ နီးပါး အပစ်ရပ်ကာလအတွင်း KNPLF၏ တပ်ဖွဲ့ဝင် အင်အားတချို့ နယ်ခြားစောင့်တပ်ဖွဲ့(BGF)အဖြစ် အသွင်ပြောင်းပေးရခဲ့ရသည်။

“အခုအချိန်မှာတော့ စစ်အုပ်စုရဲ့အဆွယ်အပွားတပ်တစ်ခုဖြစ်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ဘဝကနေ စစ်အုပ်စု ကို ပြန်လည်ခုခံတော်လှန်တဲ့ တပ်အဖြစ် အောင်မြင်စွာပြန်လည်ရုန်းထွက်နိုင်ခဲ့ကြပါပြီ ဒါဟာ ကျနော်တို့ အဖွဲ့အစည်း (ကလလတ) ရဲ့ သမိုင်းစာမျက်နှာသစ်ကို တော်လှန်သောတိုက်ပွဲနဲ့ ပြန်လည် ဖွင့်လှစ်လိုက်ခြင်းပဲဖြစ်ပါတယ်”ဟု KNPLF က ရှင်းလင်းသည်။

ထိုဖြစ်ရပ်သည် ၁၉၇၈ ခုနှစ်နှင့် ၁၉၉၄ ခုနှစ်မတိုင်မီအထိ သမိုင်းဂုဏ်သိက္ခာရှိသော (ကလလတ) အဖွဲ့အစည်း၏ နဂို မူလရပ်တည်ချက်နှင့် လမ်းစဉ်ပေါ်လစီများပေါ်သို့ပြန်လည်တည့်မတ်ဦးတည်ကာ လျှောက်လှမ်းလိုက်​သောအရေးကြီးသည့် အလှည့် အပြောင်းတစ်ခုလည်းဖြစ်သည်ဟုယုံကြည်ယူဆ​ကြောင်းလည်း​ဖော်ပြသည်။

ဆက်လက်၍လည်း”အတိအကျပြောဆိုရမည်ဆိုပါလျှင် ကျနော်တို့(ကလလတ)အဖွဲ့အစည်းအနေဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့နဲ့ နီးနီးကပ်ကပ် လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းတာဝန်များကို ပူးတွဲ လုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ”ဟုလည်း​​ဖော်ပြထားသည်။

(၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းစစ်တပ်ကို ဆန္ဒထုတ်ဖော်သည့် လူထုကို အကာအကွယ်ပေးခဲ့သည့် KNPLF တပ်ဖွဲ့ဝင်များ နှင့် ယနေ့​ကြေညာချက်။ဓါတ်ပုံ-CJ)
(၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းစစ်တပ်ကို ဆန္ဒထုတ်ဖော်သည့် လူထုကို အကာအကွယ်ပေးခဲ့သည့် KNPLF တပ်ဖွဲ့ဝင်များ နှင့် ယနေ့​ကြေညာချက်။ဓါတ်ပုံ-CJ)

ထို့အပြင် (ကလလတ)အဖွဲ့အစည်းအနေဖြင့် ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့နှင့် နီးနီးကပ်ကပ် လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းတာဝန်များကို ပူးတွဲ လုပ်ဆောင်သွားရန် အဆင်သင့်ဖြစ်နေပြီဟုလည်းအသိ​ပေးထားသည်။

နယ်ခြားစောင့်တပ် (BGF) အဖြစ် ဖိအားပေး အသွင်ပြောင်းခံထားရသည့် KNPLF တပ် ရင်း ၂ ခုမှာ လက်ရှိတွင် KNPLF တပ်ဖွဲ့အဖြစ် ပြန်လည်ရပ် တည်ကာ မိခင်အဖွဲ့အစည်းနှင့်အတူ စစ်ကောင်စီ အားတိုက်ခိုက်လျှက်ရှိသည်။

မယ်စဲ့မြို့နယ်၊ ပန်တိမ်း အခြေစိုက်BGF တပ်ရင်းအမှတ် (၁၀၀၄) သည် မူလအတိုင်း KNPLF (4878) တပ်ရင်း အဖြစ်လည်းကောင်း၊ ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၅) သည် မူလအတိုင်း KNPLF (7894)တပ်ရင်း အဖြစ်လည်းကောင်းပြန် လည်ရပ်တည်ကာ အလံ၊ ယူနီဖောင်း ၊ ဘက်တံဆိပ် များ ပြောင်းလဲတပ်ဆင်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကို ဖိအားပေးကာ နယ်ခြားစောင့်တပ်အဖြစ် လက်အောက်သွပ်သွင်းထားရာမှ ၁၀၀၄ ၊ ၁၀၀၅ တို့သည်စစ်ကောင်စီ ကို ပြန်လည်တွန်းလှန်တိုက်ခိုက်သည့် ပထမဆုံးတပ်ရင်းများဖြစ်လာသည်။

လက်ရှိအချိန်ထိ ရွာသစ်နှင့် မယ်စဲ့ မြို့တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။