Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေးအရှိန်အဟုန်မြှင့်ရန် အဓိကလမ်းမကြီးများကို ညအချိန်သွားလာခွင့် ကန့်သတ်

ပြည်သူလူထုအနေဖြင့် ထိခိုက်နစ်နာမှုမရှိစေရန် တိုင်းရင်းလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များ ပေါင်းစပ်ဖွဲ့စည်းထားသည့် အမှတ်(၂) စစ်ဒေသခွဲကွပ်ကဲရေးရုံးက ယနေ့(ဇူလိုင် ၁ရက်) ရက်စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

(ရန်ကုန် - မန္တလေး အမြန်လမ်း တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - အီးပီအေ)
(ရန်ကုန် - မန္တလေး အမြန်လမ်း တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - အီးပီအေ)

အဏာသိမ်းစစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန်မြှင့်တင်ရန်အတွက် အဓိကလမ်းမကြီးများကို ညပိုင်းအချိန်သွားလာခွင့်ကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ကန့်သတ်လိုက်သည်။

ပြည်သူလူထုအနေဖြင့် ထိခိုက်နစ်နာမှုမရှိစေရန် တိုင်းရင်းလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များ ပေါင်းစပ်ဖွဲ့စည်းထားသည့် အမှတ်(၂) စစ်ဒေသခွဲကွပ်ကဲရေးရုံးက ယနေ့(ဇူလိုင် ၁ရက်) ရက်စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

ညအချိန်သွားခွင့်တားမြစ်ထားသည့် လမ်းပိုင်းများမှာ ကုန်သွယ်ရေးအချက်အခြာကျသည့် ရန်ကုန် – မန္တလေး အမြန်လမ်း၊ ရန်ကုန် – မန္တလေးလမ်းဟောင်းဟုခေါ်သည့် အမှတ်(၂) ရန်ကုန် – မန္တလေးလမ်းမကြီး၊ ပဲခူး – စစ်တောင်းလမ်းပိုင်း၊ မွန်ပြည်နယ်အတွင်းရှိ ရန်ကုန် – မုတ္တမလမ်းပိုင်း၊ ရန်ကုန် – ဘားအံလမ်းပိုင်းတို့ ဖြစ်သည်။

အဆိုပါ လမ်းပိုင်းများကို ညနေ ၆နာရီမှ နံနက် ၆နာရီအတွင်း သွားလာခြင်းမပြုရန်၊ နေ့အချိန်တွင်လည်း မော်တော်ယာဉ်များ မှတ်ချမောင်းနှင့်ရန်နှင့် တာဝန်အရ စစ်ဆေးခြင်းကို ကြည်ဖြူစွာလက်ခံရမည်ဟု အမှတ်(၂) စစ်ဒေသခွဲ ကွပ်ကဲရေးရုံးက ထုတ်ပြန်ထားသည်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူကို ကာကွယ်မှုပေးရမယ်ဆိုတဲ့အတိုင်းပဲ ဘယ်လိုစစ်ဆင်ရေးမျိုးပဲ ဆောင်ရွက်ဆောင်ရွက် ပြည်သူကိုထိခိုက်မှုအနည်းဆုံးဖြစ်အောင် စဥ်းစားပြီးဆောင်ရွက်တဲ့ကြောင့်မို့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ စခန်းတွေ၊ ယာဥ်တန်းတွေနဲ့ နီးနီးကပ်ကပ်မနေဖို့လည်း မေတ္တာရပ်ခံလိုတယ်။ နောက်တခုကလည်း အိမ်စီးကားတွေအနေနဲ့ စစ်ကောင်စီကိုသယ်ဆောင်တာတွေ ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပေးတာမျိုးလည်း မလုပ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု အမှတ် (၂)စစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ရဲ​ဘော်တင်ဦးက ပြောသည်။