Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပြည်တွင်းမှာ ဖြန့်ကျက်ထားတဲ့ ရုရှား နျူကလီးယား လက်နက်တွေကို လက်တွေ့ အသုံးပြုမှာ မဟုတ်ဘူးလို့ ဘီလားရုစ် သမ္မတပြော

လူကာရှန်ကိုနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့က ဘီလားရုစ် နယ်စပ်မှာ ဒုံးကျည်တွေ စတင်ဖြန့်ကျက်ထားပြီ ဆိုတာကို အတည်ပြုခဲ့ပြီး ရည်မှန်းထားသမျှ အရေအတွက် အားလုံးကို နှစ်ကုန်ပိုင်းမှာ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း မှတ်ချက် ပြုထားပါတယ်။

ပြည်တွင်းမှာ လာရောက် ဖြန့်ကျက်ထားတဲ့ ရုရှား နျူကလီးယား လက်နက်တွေကို လက်တွေ့ သုံးစွဲဖို့ အစီအစဉ် မရှိကြောင်း ဘီလားရုစ် သမ္မတက မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံရဲ့ အနောက်ဖက်ခြမ်းက ယူကရိန်းနဲ့ NATO အဖွဲ့ဝင် နိုင်ငံတချို့ဆီ နယ်နိမိတ် ထိစပ်နေတဲ့ နေရာတွေမှာ ရုရှားရဲ့ တာတိုပစ် နျူကလီးယား ဒုံးကျည်တွေကို ဖြန့်ကျက်ထားဖို့ ဘီလားရုစ် အစိုးရက ခွင့်ပြုခဲ့ပါတယ်။ အခုအခါ ဒုံးကျည်တွေ ထားရှိတဲ့ကိစ္စ အတိုင်းအတာ တစ်ခုထိ ဆောင်ရွက်ပြီး ဖြစ်သလို ဘီလားရုစ် စစ်သားတွေကိုလည်း အဲဒီ စစ်လက်နက်တွေ ကိုင်တွယ်တတ်အောင် ရုရှား အစိုးရက လေ့ကျင့်ပေးထားပါတယ်။

လူကာရှန်ကိုနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့က ဘီလားရုစ် နယ်စပ်မှာ ဒုံးကျည်တွေ စတင်ဖြန့်ကျက်ထားပြီ ဆိုတာကို အတည်ပြုခဲ့ပြီး ရည်မှန်းထားသမျှ အရေအတွက် အားလုံးကို နှစ်ကုန်ပိုင်းမှာ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း မှတ်ချက် ပြုထားပါတယ်။

ဆိုဗီယက် ပြည်ထောင်စုဟောင်းရဲ့ အမျိုးသားနေ့ အခမ်းအနားမှာတော့ ဆိုဗီယက် အဖွဲ့ဝင်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဘီလားရုစ်ရဲ့ သမ္မတက ပြည်တွင်းမှာ ဖြန့်ကျက်ထားတဲ့ ရုရှား နျူကလီးယား လက်နက်တွေကို လက်တွေ့ အသုံးမပြုဖို့ လေးလေးနက်နက် စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားသွားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဘီလားရုစ်မှာ ဒီလို အစွမ်းထက် လက်နက်တွေ ထားရှိဖို့ လိုအပ်လာပြီလို့ ယုံကြည်လက်ခံစရာ ကိစ္စတွေ များလာကြောင်း၊ ဒါပေမဲ့ အဲဒီ နျူကလီးယား လက်နက်တွေကို ဘီလားရုစ်က လက်တွေ့ အသုံးပြုဖို့ အစီအစဉ် လုံးဝ မရှိကြောင်း၊ တစ်ဖက်မှာလည်း ဒီလက်နက်တွေကြောင့် ဘယ်ရန်သူနိုင်ငံမှ ဘီလားရုစ်ကို ခြေချရဲမှာ မဟုတ်ကြောင်း လူကာရှန်ကိုက ပြောပါတယ်။

ပူတင်ရဲ့ အမာခံ မဟာမိတ် တစ်ဦးဖြစ်တဲ့ လူကာရှန်ကိုဟာ ရုရှားရဲ့ အာဘော်အတိုင်း အနောက်မဟာမိတ် နိုင်ငံတွေဟာ သူ့နိုင်ငံနဲ့ ရုရှားကို ဖျက်ဆီးပစ်ဖို့ ကြံစည်နေကြောင်း အစဉ်တစိုက် စွပ်စွဲထားပါတယ်။ ပြီးတော့ ဝေဖန်မှုတွေ ရှိနေတဲ့တိုင် ဘီလားရုစ် ပိုင်နက်ထဲမှာ နျူကလီးယား စစ်လက်နက်တွေ ဖြန့်ကျက်တဲ့ ကိစ္စဟာ အမှန်တကယ် လိုအပ်ကြောင်းလည်း သူက ကာကွယ် ပြောဆိုသွားပါတယ်။