Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်နယ် ၊ရွာသစ်တိုက်ပွဲတွင် စစ်​ကောင်စီရဟတ်ယာဥ်တစ်စီးကိုကရင်နီပူး​ပေါင်းတပ်ပစ်ချ

စစ်တပ်က သိမ်းယူခံရ​သောစခန်းများကို ပြန်လည်ရရှိရန် ​လေ​ကြောင်း ၊ကြည်း​ကြောင်းမှ ထိုးစစ်ဆင်​နေပြီးယခုအခါ ရွာသစ်နှင့် မယ်စဲ့ မြို့ အတွင်းတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား​နေသည်။

(စစ်​ကောင်စီ ရဟတ်ယာဥ်တစ်စီး/ပုံ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ ရဟတ်ယာဥ်တစ်စီး/ပုံ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-CJ)

ကရင်နီ(ကယား)ပြည်နယ်၊ ရွာသစ်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်ရဟတ်ယာဥ်တစ်စီးကို ကရင်နီပူး​ပေါင်းတပ်များကပစ်ချနိုင်ခဲ့ကြောင်း ကရင်နီစစ်ဖက်ရေးရာ သတင်းရင်းမြစ်များက ပြောသည်။

ယနေ့နံနက် ၁၁ နာရီခန့်က ဘော်လခဲ မြို့နယ် ရွာသစ်မြို့နယ်ခွဲ၏ သံလွင်မြစ်ဘေးရှိ တောင်ဆားလဲ ကျေး ရွာ၌ စစ်ရဟတ်ယာဥ်ပျက်ကျခြင်းဟု ဆိုသည်။

“သတင်းက သေချာသလောက်ရှိတယ်။ဒါပေမယ်​ လွိုင်ကော်ကနေ ရဟတ်ယာဥ် သုံးစီးနဲ့ တိုက်လေယာဥ်တစ်စီးက ပျက်သွားတဲ့နေရာကို ဝန်းရံထားလို့ မြေပြင်ဓာတ်ပုံ မရ နိုင်သေးတာ။နောက်ပြီး တိုက်ပွဲကလည်းဆက်ပြင်းထန်နေတယ်”ဟု မြေပြင်ရှိ ကရင်နီ တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူက စစ်ကောင်စီရဟတ်ယာဥ်ပျက်ကျမှုကိုအတည်ပြုသည်။

လက်ရှိ ရွာသစ်မြို့နယ်၊ဖားဆောင်းမြို့နယ်တို့တွင် လည်း တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကာ စစ်ကောင်စီက တပ်ရင်း လေးခု အထိ အသုံးပြု ထိုးစစ်ဆင်နေသည်ဟု ၎င်းက ဆက်​ပြောသည်။

“လေယာဥ်ပျက်ကျတာတော့ ထပ်အတည်ပြုဖို့ လိုပါဦးမယ်။ရာခိုင်နှုန်းအရဆို အမှန်က ၈၀ ပေါ့ ။တိုက်ပွဲက တော့ သူတို့ ဘက်က ထိုးစစ်ဆင်နေတယ်လို့ပဲပြောရမယ်”ဟု ကရင်နီတပ်မတော် KA နှင့်နီးစပ်သူက ပြောသည်။

Public Service Announcement
Public Service Announcement

အမျိုးသားညီညွတ်​ရေးအစိုးရ ၊ ကာကွယ်​ရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးကလည်း စစ်တပ်ရဟတ်ယာဥ်တစ်စီးကိုပစ်ချ၍ ပျက်ကျသည်ဆို​သောသတင်း​ပေးချက် ဝင်ထားပြီးထပ်မံအတည်ပြု​နေဆဲဖြစ်​ကြောင်း​ပြောသည်။

ကရင်နီပူးပေါင်းတပ်ဖွဲ့များ သိမ်းယူထားသည့် ကရင်နီပြည် မယ်စဲ့မြို့နယ် ပန်တိန်းဒေသရှိ နယ်ခြားစောင့် ( BGF ) ၁၀၀၄ တပ်စခန်းနှင့် ရွာသစ်မြို့ စွတ်ပိုင်ဒေသရှိ ၁၀၀၅ တပ်စခန်းနေရာကိုပြန်လည်သိမ်း ပိုက်ရရှိခဲ့ကြောင်း စစ်ကောင်စီက ယခုလ ၂၈ ရက်က ထုတ်ပြန်ထားသည်။သို့​သော် စစ်​ကောင်စီ ကထုတ်ပြန်​သောသတင်းဓါတ်ပုံတွင်​နေရာ တစ်​နေရာတည်းတွင် ရှု​ထောင့်မတူ​အောင် စစ်သားနှစ်ဖွဲ့ခွဲရပ်ထားပြိးရိုက်ထား​သောပုံဖြစ်ပြီး အမှန်မှာစခန်းတစ်ခုတည်းဖြစ်​ကြောင်း သတင်းဓါတ်ပုံကို​သေချာ​လေ့လာသူများက​ထောက်ပြထားကြသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီအရာရှိ နှင့် စစ်သည် သေဆုံးမှုရှိခဲ့ ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဇွန်လ ၁၃ ရက်နေ့က စ၍ ရွာသစ်မြို့နှင့် မယ်စဲ့မြို့နယ်များရှိ စစ်ကောင်စီ တပ်စခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်က သိမ်းယူခံရ​သောစခန်းများကို ပြန်လည်ရရှိရန် ​လေ​ကြောင်း ၊ကြည်း​ကြောင်းမှ ထိုးစစ်ဆင်​နေပြီးယခုအခါ ရွာသစ်နှင့် မယ်စဲ့ မြို့ အတွင်းတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား​နေသည်။