Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်သမီး ၏ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက အမည်ပြောင်းပြီးရုံတင်ရန်စီစဥ်​နေ

7 Sense ထုတ်လုပ်ရေးအနေဖြင့် ရိုက်ကူးခဲ့သည့် ဇာတ်လမ်းတွဲများဖြစ်သည့် ရင်ထဲကဒဏ္ဍာရီ ၊ အိပ်မက်ထဲကအိပ်မက် ၊ Only You တို့ကို Channel K ၊မဟာ စသည့်ရုပ်သံလိုင်းများ၌ ရုပ်သံလိုင်းများကရိုက်ကူးထားသည့် ပုံစံဖြင့်ပြသခဲ့ကြောင်း Myanmar Art Box မှ တာဝန်ရှိသူကပြောသည်။

(ရုပ်ရှင် ကန်​တော့ပွဲ ​ပေးစဥ် 7Sense.ရုပ်ရှင်ထုတ်လုပ်​ရေး ဟု အမည်တပ်ခဲ့ပြီး ရုံတင်ခါနီးတွင် ဆုံမှတ်ဟု အမည်​ပြောင်း ရုံတင်ရန် စီစဥ်​နေ​သော "စတ္ထု​မြောက်​သွေး​ကြောမြှင့်" ဇာတ်ကား ပိုစတာ။ဓါတ်ပုံ-CJ)
(ရုပ်ရှင် ကန်​တော့ပွဲ ​ပေးစဥ် 7Sense.ရုပ်ရှင်ထုတ်လုပ်​ရေး ဟု အမည်တပ်ခဲ့ပြီး ရုံတင်ခါနီးတွင် ဆုံမှတ်ဟု အမည်​ပြောင်း ရုံတင်ရန် စီစဥ်​နေ​သော "စတ္ထု​မြောက်​သွေး​ကြောမြှင့်" ဇာတ်ကား ပိုစတာ။ဓါတ်ပုံ-CJ)

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိူင်၏ သမီး ခင်သီရီသက်မွန်တည် ​ထောင်ထား​သော 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးကရိုက်ကူးထားသည့် စတုတ္ထမြောက်သွေးကြောမျှင်ရုပ်ရှင်ကို ထုတ်လုပ်ရေးနာမည်ပြောင်း၍ ဇူလိုင် ၁၄ တွင် ရုံတင်ပြသရန် စီစဉ်နေသည်။

7 Sense ဟူသော အမည်မှာ စစ်​ခေါင်း​ဆောင် သမီး၏ ရုပ်ရှင်ထုတ်လုပ်​ရေးဖြစ်​ကြောင်း ပြည်သူအများစုကသိ​နေသဖြင့် “ဆုံမှတ်”ဟု ပြောင်းလဲကာ ရုံတင်ပြသရန် စီစဉ်နေခြင်းဖြစ်သည်။ သို့​သော်ထုတ်လုပ်ရေး နာမည်ပြောင်းလဲထားသည်ကို သိရှိသူများက ယင်းဇာတ်ကားကို မကြည့်ရန် တိုက်တွန်းထားသည်။

“မအလသမီးထုတ်လုပ်ရေး 7 sense က ကားပါနော် ။ထုတ်လုပ်ရေးနာမည်ပြောင်းလိုက်လို့ ငါတို့က လာကြည့်မယ်မထင်နေနဲ့ ….ကျန်တဲ့ကားများစိတ်ပြေလက်ပျောက် သွားကြည့်နေတာ ဘာမှ မပြောလိုပေမယ့် ဒီလိုကားကတော့ လုံးဝကိုမကြည့် သင့်ပါ ” ဟု တော်လှန်အနုပညာသတင်းများတင်ပေးနေသည့် Myanmar Art Box ၏ဖေ့စ်ဘွတ်၌ ရေးသားထားသည်။

ယင်းရုပ်ရှင်ကို ၂၀၁၉ ဒီဇင်ဘာလအတွင်းက 7 Sense ထုတ်လုပ်ရေးအနေဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး နိုင်းနိုင်း ၊ ရွှေထူး ၊ သက်မွန်မြင့် နှင့် မေမြင့်မိုရ်တို့ပါဝင်ထားသည်။

“ရုပ်ရှင်ကတော့ ဒီကားပထမဆုံးလို့ပြောလို့ရတယ်ဗျ။ဇာတ်လမ်းတွဲတွေတော့ free to air တွေက ပြပေမယ့် သူတို့ production နာမည် မတပ်ပဲ channel ကရိုက်သလိုလိုနဲ့ဒီကာလမှာ ပြသွားတာတွေတော့ရှိတယ်” ဟု Myanmar Art Box မှ တာဝန်ရှိသူကပြောသည်။

7Sense ထုတ်လုပ်ရေးသည် မင်းအောင်လှိူင်သမီးနှင့် မိတ်​ဆွေအချို့ တည်​ထောင်ထား​သော ကုမ္ပဏီဖြစ်ပြီးအာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် ပြည်သူအားလုံးက Boycott လုပ်ဆောင်ခဲ့သောကြောင့် မြင်ကွင်းမှပျောက်ကွယ်နေသည်မှာနှစ်နှစ်ကျော်ပြီဖြစ်သည်။

“စတုတ္ထမြောက်သွေးကြောမျှင် ဆိုတာမအလသမီထုတ်လုပ်ရေး ဖြစ်တဲ့ 7 Sense ကထုတ်တဲ့ကားပါ။ Boycott လေးမှ သေချာမလုပ်နိုင်ရင် ပြည်သူကိုသတ်ဖို့ စစ်တပ်ကို ကျည်ဆန်တွေသာ သွားဝယ်ပေးလိုက်ကြပါတော့။ ခင်ဗျားတို့ သွားပေးတဲ့ ပိုက်ဆံတွေက Blood Money တွေဖြစ်သွားမယ်ဆိုတာ သိကြပါ။ “အဝါရောင်ရေငုပ်သ‌င်္ဘော ပေ့ခ်ျကရေးသားထားသည်။

ဆုံမှတ်ထုတ်လုပ်ရေးသည် 7 Sense ၏ အစွယ်အပွားထုတ်လုပ်ရေးဖြစ်သလို အခြားထုတ်လုပ်ရေးများလည်းရှိသေးကြောင်း ယင်းပေ့ခ်ျ၌ အသိပေးထားသည်။

7 Sense ထုတ်လုပ်ရေးအနေဖြင့် ရိုက်ကူးခဲ့သည့် ဇာတ်လမ်းတွဲများဖြစ်သည့် ရင်ထဲကဒဏ္ဍာရီ ၊ အိပ်မက်ထဲကအိပ်မက် ၊ Only You တို့ကို Channel K ၊မဟာ စသည့်ရုပ်သံလိုင်းများ၌ ရုပ်သံလိုင်းများကရိုက်ကူးထားသည့် ပုံစံဖြင့်ပြသခဲ့ကြောင်း Myanmar Art Box မှ တာဝန်ရှိသူကပြောသည်။

စတုတ္ထမြောက်သွေးကြောမျှင် ဇာတ်ကားအမည်ဖြင့် ရုပ်ရှင်ရိုက်ကူးစဉ်ကဖွင့်ထားသည့်ဖေ့စ်ဘွတ်ပေ့ခ်ျကို ဆက်လက်အသုံးပြုခြင်းမရှိဘဲ ပေ့ခ်ျအသစ်ဖွင့်ကာ ရုံတင်မည့် အကြောင်းအရာများကို တင်နေခြင်းဖြစ်ပြီး ဒါရိုက်တာသားညီ ၊ မေမြင့်မိုရ်တို့ အပါအဝင် 7 Sense နှင့် ရင်းနှီးမှုရှိခဲ့သည့် အနုပညာရှင်များက မျှဝေပေးထားသည်ကို‌တွေ့ရသည်။