Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရှေ့တီမောသမ္မတက NUG နိုင်ငံခြားရေးဝန်ကြီးကို သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံ

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်သမ္မတရာမို့စ်ဟောတာ၏ဖိတ်ကြားချက်အရ ဝန်ကြီးဒေါ်ဇင်မာအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အရှေ့တီမောသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်တွင် ကျင်းပသော အစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့လည်း တက်ရောက်ခဲ့သည်။

(အရှေ့တီမော(တီမောလက်စတီ)သမ္မတရာမို့စ်ဟောတာသည် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို သမ္မတအိမ်တော်၌လက်ခံ​တွေ့ဆုံစဥ်။ ဓါတ်ပုံ-ရာမို့စ်ဟောတာ​ဖေစ်ဘွခ်)
(အရှေ့တီမော(တီမောလက်စတီ)သမ္မတရာမို့စ်ဟောတာသည် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို သမ္မတအိမ်တော်၌လက်ခံ​တွေ့ဆုံစဥ်။ ဓါတ်ပုံ-ရာမို့စ်ဟောတာ​ဖေစ်ဘွခ်)

▪︎ဝန်ကြီးဒေါ်ဇင်မာအောင်က ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားလက်ဆောင်ပေး

အရှေ့တီမော(တီမောလက်စတီ)သမ္မတ ရာမို့စ်ဟောတာသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်သမ္မတရာမို့စ်ဟောတာ၏ဖိတ်ကြားချက်အရ ဝန်ကြီးဒေါ်ဇင်မာအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အရှေ့တီမောသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်တွင် ကျင်းပသော အစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့လည်း တက်ရောက်ခဲ့သည်။

(အရှေ့တီမော(တီမောလက်စတီ)သမ္မတရာမို့စ်ဟောတာသည် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို သမ္မတအိမ်တော်၌လက်ခံ​တွေ့ဆုံစဥ်။ ဓါတ်ပုံ-ရာမို့စ်ဟောတာ​ဖေစ်ဘွခ်)
(အရှေ့တီမော(တီမောလက်စတီ)သမ္မတရာမို့စ်ဟောတာသည် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကို သမ္မတအိမ်တော်၌လက်ခံ​တွေ့ဆုံစဥ်။ ဓါတ်ပုံ-ရာမို့စ်ဟောတာ​ဖေစ်ဘွခ်)

“တီမောလက်စတီနိုင်ငံနဲ့ ကျွန်မတို့မှာ တူညီတဲ့အတွေ့အကြုံတွေ ရှိနေပါတယ်။ အခုမြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေနဲ့ တီမောလက်စတီတွေ့ကြုံခဲ့တာတွေက ဆင်တူပါတယ်။ ကျွန်မဘဝတစ်လျှောက်မှာ နိုင်ငံရေးအကျဥ်းသားဖြစ်ခဲ့သလို အခု တီမောလက်စတီရဲ့ ခေါင်းဆောင်တွေဟာလည်း တော်လှန်ရေးသမားတွေဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီမိုကရေစီအရေးနဲ့ လွတ်မြောက်ရေးအတွက် ရုန်းကန်ခဲ့ရပါတယ်။ မြန်မာကတော့ အခုထိလည်း ရုန်းကန်နေရဆဲပါ။ ဒီမှာ မြန်မာပြည်သူတွေရဲ့ကိုယ်စား သမ္မတနဲ့တွေ့ဆုံခွင့်ရတာ၊ ဒီမှာ ရောက်ရှိနေတာ ဂုဏ်ယူစရာပါပဲ။ ကျွန်မတို့ ပြည်သူတွေနဲ့အတူ ရပ်တည်ပေးတဲ့ တီမောလက်စတီကို တကယ်ကိုပဲ ကျေးဇူးတင်ပါတယ်။တီမော်လက်စတီရဲ့ခေါင်းဆောင်

မှု၊ အစိုးရအဖွဲ့ရဲ့အားပေးထောက်ခံမှု၊ ဧည့်ဝတ်ကျေပြွန်မှုတွေအတွက် တီမောလက်စတီ ပြည်သူတွေနဲ့ အစိုးရတို့ကို ကျေးဇူးတင်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သတင်းထောက်များကို ပြောသည်။

အရှေ့တီမောသမ္မတ နှင့် NUG နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေသည့်ကိစ္စရပ်များဆွေးနွေးခဲ့ပြီး သမ္မတရာမို့စ်ဟောတာက မြန်မာပြည်တော်လှန်ရေးကို အားပေး ထောက်ခံကြောင်း၊ နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောသည်။

တွေ့ဆုံမှုအတွင်း ဝန်ကြီးဒေါ်ဇင်မာအောင်က သမ္မတရာမို့စ်ဟောတာအား မြန်မာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို လက်ဆောင်ပေးခဲ့ပြီး သမ္မတ ဟောတာကလည်း အမှတ်တရလက်ဆောင်ပြန်လည် ပေးအပ်သည်။