Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရှေ့တီမောအစိုးရသစ်တက်ပွဲသို့ NUG နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြား၊ ဝန်ကြီးဒေါ်ဇင်မာအောင်လူကိုယ်တိုင် တက်ရောက်

ယနေ့(ဇူလိုင် ၁ရက်)ကျင်းပသောအရှေ့တီမော(Timor-Leste)နိုင်ငံ အစိုးရအဖွဲ့အသစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် သမ္မတ ရာမို့စ်ဟောတာက မိန့်ခွန်းပြောကြားရာ အခမ်းအနားသို့ အထူးဧည့်သည်တော်များအဖြစ် အင်ဒိုနီးရှား၊ သြစတြေးလျနှင့် မြန်မာနိုင်ငံတို့မှ ဖိတ်ကြားထားကြောင်း ပြောသည်။

(အရှေ့တီမောနိုင်ငံ၏ အစိုးရသစ် ကျမ်းကျိန်ပွဲအခမ်းအနားနှင့် အခမ်းအနားသို့တက်​ရောက်ခဲ့​သော NUG နိုင်ငံခြား​ရေးဝန်ကြီး ​ဒေါ်ဇင်မာ​အောင်)
(အရှေ့တီမောနိုင်ငံ၏ အစိုးရသစ် ကျမ်းကျိန်ပွဲအခမ်းအနားနှင့် အခမ်းအနားသို့တက်​ရောက်ခဲ့​သော NUG နိုင်ငံခြား​ရေးဝန်ကြီး ​ဒေါ်ဇင်မာ​အောင်)

အရှေ့တီမောနိုင်ငံ၏ အစိုးရသစ် ကျမ်းကျိန်ပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(ဇူလိုင် ၁ရက်)ကျင်းပသောအရှေ့တီမော(Timor-Leste)နိုင်ငံ အစိုးရအဖွဲ့အသစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် သမ္မတ ရာမို့စ်ဟောတာက မိန့်ခွန်းပြောကြားရာ အခမ်းအနားသို့ အထူးဧည့်သည်တော်များအဖြစ် အင်ဒိုနီးရှား၊ သြစတြေးလျနှင့် မြန်မာနိုင်ငံတို့မှ ဖိတ်ကြားထားကြောင်း ပြောသည်။ တဆက်တည်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ၊ ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ကို မိန့်ခွန်းတွင် အမည်ထုတ်ဖော် ထည့်သွင်းပြောကြားသည်။

(အရှေ့တီမောနိုင်ငံ၏ အစိုးရသစ် ကျမ်းကျိန်ပွဲအခမ်းအနားနှင့် အခမ်းအနားသို့တက်​ရောက်ခဲ့​သော NUG နိုင်ငံခြား​ရေးဝန်ကြီး ​ဒေါ်ဇင်မာ​အောင်)
(အရှေ့တီမောနိုင်ငံ၏ အစိုးရသစ် ကျမ်းကျိန်ပွဲအခမ်းအနားနှင့် အခမ်းအနားသို့တက်​ရောက်ခဲ့​သော NUG နိုင်ငံခြား​ရေးဝန်ကြီး ​ဒေါ်ဇင်မာ​အောင်)

“မြန်မာနိုင်ငံကိုယ်စားပြုပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်ဖိတ်ကြားပြီး အခမ်းအနားကို တက်ရောက်စေတဲ့သဘောဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်ကဆိုရင် ဘယ်သူမှ ဖိတ်ကြားခြင်းလည်းမရှိဘူး။ တက်ရောက်ခြင်းလည်း မရှိဘူ” ဟု NUG အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ထို့အပြင် အရှေ့တီမောသည် တော်လှန်ရေးဆင်နွှဲကာ တော်လှန်ရေးမှတဆင့် အနိုင်တိုက်ယူကာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများမှတဆင့် ယခုကဲ့သို့ အစိုးရသစ်များ ပေါ်ပေါက်လာ၍ မြန်မာနိုင်ငံနှင့် လက်ရှိဖြစ်ရပ်ချင်း ဆင်တူသည့် နိုင်ငံများ ဖြစ်သောကြောင့် လွတ်လပ်မှု၊ တရားမျှတမှုဘက်မှ ရပ်တည်သည့် သဘောဖြင့် ဖိတ်ကြားသည့်အတွက် အရှေ့တီမော၊ မြန်မာနိုင်ငံတို့အတွက် သာမက ဒေသတွင်း၌ တရားမျှတမှုထွန်းကားရန်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တန်ဖိုးထားသူများအတွက်သာလျှင အနိုင်ရရှိသည်ဆိုသော ယဥ်ကျေးမှု ထွန်းကားရန် အရှေ့တီမော၏ အောင်မြင်မှုက အမှတ်လက္ခဏာအဖြစ် မှတ်ယူနိုင်ကြောင်း NUG ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

(အရှေ့တီမောနိုင်ငံ၏ အစိုးရသစ် ကျမ်းကျိန်ပွဲအခမ်းအနားနှင့် အခမ်းအနားသို့တက်​ရောက်ခဲ့​သော NUG နိုင်ငံခြား​ရေးဝန်ကြီး ​ဒေါ်ဇင်မာ​အောင်)
(အရှေ့တီမောနိုင်ငံ၏ အစိုးရသစ် ကျမ်းကျိန်ပွဲအခမ်းအနားနှင့် အခမ်းအနားသို့တက်​ရောက်ခဲ့​သော NUG နိုင်ငံခြား​ရေးဝန်ကြီး ​ဒေါ်ဇင်မာ​အောင်)

အရှေ့တီမောသည် လက်ရှိတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာရန် အလားအလာကောင်းများ ပိုင်ဆိုင်ထားပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီ၏ ကြမ်းကြုတ်ရက်စက်မှုများကို ပြင်းပြင်းထန်ထန်ရှုတ်ချပြစ်တင်ကာ တော်လှန်ရေးအင်အားစုများနှင့်အတူ တသားတည်းရပ်တည်သည့် နိုင်ငံဖြစ်သည်။ အာဆီယံအဖွဲ့ကြီးအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီအပေါ် ပြတ်သားစွာ အရေးယူမှုများလုပ်ဆောင်ရန် အရှေ့တီမောသမ္မတ ရာမို့စ်ဟောတာက အကြိမ်ကြိမ်တိုက်တွန်းဖူးသည်။