Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ၏ရေယာဥ်နှစ်စီး တိုက်ခိုက်ခံရ

မုံရွာမြို့အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီတပ်သည် အမြင့်မြို့ဟောင်းရှိ စစ်အုပ်စုတပ်စွဲရာသို့ ရေယာဥ်များဖြင့် ရိက္ခာများ၊ လူအင်အားများ သွားရောက်ပို့ဆောင်လေ့ရှိသည်။

(ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ချင်းတွင်းမြစ်အတွင်း မောင်းနင်လာသည့် စစ်ကောင်စီရေယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ချင်းတွင်းမြစ်အတွင်း မောင်းနင်လာသည့် စစ်ကောင်စီရေယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်းမှ မုံရွာမြို့သို့ဆန်တက်လာသည့် စစ်ကောင်စီ၏ ရေယာဥ်နှစ်စီးအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၃ ရက်) ည ၇ နာရီ ၄၅ မိနစ်ခန့်က ချင်းတွင်းမြစ်အတိုင်း အမြင့်မြို့ဟောင်းမှဆန်လာသည့် စစ်ကောင်စီ၏ အမြန်ရေယာဥ်နှင့် ဖလက်ခွန်စက်လှေအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) အဖွဲ့က ပြောသည်။

“အပြီးအစီး ၂၅ မိနစ်လောက်ကြာတယ်။ ကျည်လာရာနဲ့ မီးပွင့်တာကို မှန်းရတာ။”ဟု Chindwin Attack Force ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရေယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများကလည်း စက်သေနတ်များ၊ လက်နက်ကြီးများဖြင့် ပြန်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“မနေ့ညက ပွဲကလည်းကောင်းတယ်။ မိုးကလည်းရွာတယ်။”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys )၊ တပ်ခွဲ – ၄ 5/TEACHERS PEOPLE DEFENSE FORCE PDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မုံရွာမြို့အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီတပ်သည် အမြင့်မြို့ဟောင်းရှိ စစ်အုပ်စုတပ်စွဲရာသို့ ရေယာဥ်များဖြင့် ရိက္ခာများ၊ လူအင်အားများ သွားရောက်ပို့ဆောင်လေ့ရှိသည်။