Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံထောင်မှာ နိုင်ကျဉ်းအမျိုးသားတစ်ဦးသေဆုံး

သေဆုံးသူဟာ နိုင်ငံရေးပုဒ်မ ၅၀၅(က) နဲ့ ထောင် ၃ နှစ် ကျခံနေရသူ မြင်းခြံမြို့နယ် ၊မကျီးစုရွာသား အသက် ၄၃ နှစ်အရွယ် ဦးစိန်ဝင်း ဖြစ်တယ်လို့ သိရပါတယ်။

မြင်းခြံထောင်မှာ နိုင်ကျဉ်းအမျိုးသားတစ်ဦးသေဆုံး
မြင်းခြံထောင်မှာ နိုင်ကျဉ်းအမျိုးသားတစ်ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံထောင်မှာ အသက် ၄၀ ကျော်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦး ပြီးခဲ့တဲ့ရက်ပိုင်းက ရိုက်နှက်ခံရတဲ့ လက္ခဏာတွေနဲ့သေဆုံးသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် မှတာဝန်ရှိသူ ကိုသက်ထွန်းဦးကပြောပါတယ်။

သေဆုံးသူဟာ နိုင်ငံရေးပုဒ်မ ၅၀၅(က) နဲ့ ထောင် ၃ နှစ် ကျခံနေရသူ မြင်းခြံမြို့နယ် ၊မကျီးစုရွာသား အသက် ၄၃ နှစ်အရွယ် ဦးစိန်ဝင်း ဖြစ်တယ်လို့ သိရပါတယ်။

ဦးစိန်ဝင်း အစာအိမ်အချဉ်ပေါက်ပြီး ဇူလိုင်လ ၂ ရက်နေ့မှာ သေဆုံးသွားတယ်လို့ အကျဉ်းထောင်ဘက်က မိသားစုထံ နောက်တစ်ရက်မှာပဲ အကြောင်းကြားလာပါတယ်။

ဒါပေမယ့် အလောင်းမှာ ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေ တွေ့ခဲ့ရတယ်ဆိုတာကို တဆင့်ပြန်လည်သိရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် မှတာဝန်ရှိသူ ကိုသက်ထွန်းဦးကပြောပါတယ်။

ရုပ်အလောင်းကိုလည်း အကျဉ်းထောင်ဘက်ကအစီအစဉ်နဲ့ သဂြိုဟ်ခဲ့တယ်လို့လည်းသိရပါတယ်။

ဦးစိန်ဝင်းဟာ ဖမ်းဆီးမခံရခင်က ကျန်မာရေးကောင်းမွန်တဲ့ တောင်သူတစ်ဦးဖြစ်ကာ ပြီးခဲ့တဲ့ နှစ်က ဖမ်းဆီးခံရတာပါ။

မြင်းခြံထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုမှာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။

ပြီးခဲ့တဲ့မေလအတွင်းကလည်း မြင်းခြံထောင် မှာ နိုင်ငံရေးအကျဉ်းသားတစ်ဒါဇင်ကျော်ကို အပြင်ခေါ်ထုတ်ပြီး တစ်ပတ်နီးပါးကြာ ရိုက်နှက်စစ်ကြောခဲ့တာတွေရှိခဲ့ပါတယ်။