Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး ၇၀ရာခိုင်နှုန်းပြီးစီးပြီဟုအိန္ဒိယဆို

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးသည် ကီလိုမီတာ ၁၄၀၀ (မိုင် ၈၇၀ခန့်) ရှည်လျားသည့် နိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းမကြီးဖြစ်ပြီး ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်ဖြစ်သည်ဟု အိန္ဒိယနိုင်ငံကဆိုသည်။

(အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအ​ဝေး​ပြေးလမ်း​မြေပုံနှင့်မြန်မာ-အန္ဒိယနယ်စပ် ကို​တွေ့ရစဥ်။ဓါတ်ပုံ-ရိုက်တာ)
(အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအ​ဝေး​ပြေးလမ်း​မြေပုံနှင့်မြန်မာ-အန္ဒိယနယ်စပ် ကို​တွေ့ရစဥ်။ဓါတ်ပုံ-ရိုက်တာ)

မြန်မာနိုင်ငံကိုဖြတ်၍ အိန္ဒိယနှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ပေးမည့် သုံးနိုင်ငံအဝေးပြေးလမ်းမကြီးသည် ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု အိန္ဒိယနိုင်ငံဝန်ကြီး Nitin Gadkari က ပြောကြောင်းအိန္ဒိယသတင်းဌာနများတွင်ဖော်ပြသည်။

အဆိုပါ အဝေးပြေးလမ်းမကြီးသည် နောက်ထပ် သုံးနှစ်မှ လေးနှစ်အတွင်း ခရီးသွားများအတွက် ဖွင့်လှစ်နိုင်မည်ဟု အိန္ဒိယအစိုးရကဇူလိုင် ၃ ရက်တွင်​​ပြောကြားသည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးသည် ကီလိုမီတာ ၁၄၀၀ (မိုင် ၈၇၀ခန့်) ရှည်လျားသည့် နိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းမကြီးဖြစ်ပြီး ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်ဖြစ်သည်ဟု အိန္ဒိယနိုင်ငံကဆိုသည်။

(အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအ​ဝေး​ပြေးလမ်း​မြေပုံနှင့်မြန်မာ-အန္ဒိယနယ်စပ် ကို​တွေ့ရစဥ်။ဓါတ်ပုံ-ရိုက်တာ)
(အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအ​ဝေး​ပြေးလမ်း​မြေပုံနှင့်မြန်မာ-အန္ဒိယနယ်စပ် ကို​တွေ့ရစဥ်။ဓါတ်ပုံ-ရိုက်တာ)

ထိုစီမံကိန်းကို ဝန်ကြီးချုပ်ဟောင်း Atal Behari Vajpayee က စတင်အဆိုပြုခဲ့ပြီး ၂၀၀၂ ခုနှစ် ဧပြီလတွင် အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကြားဝန်ကြီးအဆင့် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထိုလမ်းပိုင်းကို ၂၀၁၉ခုနှစ်တွင်အပြီးသတ်ရန် ရည်မှန်းထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့သည်။ သို့​သော်မကြာခင် ပြီးစီးတော့မည်ဖြစ်​ကြောင်း အ​​ဝေး​ပြေးလမ်းနှင့် သယ်ယူပို့​ဆောင်​ရေးပြည်ထောင်စုဝန်ကြီးက ယခုအခါထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။

“ စီမံကိန်းရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ပြီးသွားပါပြီ။” ဟု Nitin Gadkariကဆိုသည်။

သို့သော် အဝေးပြေးလမ်းမကြီးကို မည်သည့်အချိန်တွင် အဆင်သင့်ဖြစ်မည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့မှ တမူးမြို့မှထိုမှတဆင့် မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်သန်းကာ မြန်မာ-ထိုင်းနိုင်စပ်မဲ​ဆောက်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံနှင့် ချိတ်ဆက်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် ထိုလမ်းပိုင်း အဓိကဖြတ်သန်းသွားမည့် စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်ကြားတိုက်ပွဲများပြင်းထန်နေသည်။