Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်လင်လေးမြို့အခြေစိုက် စစ်ကောင်စီ ခလရ (၅၃၀)တပ်ကို ကရင်နီတပ်များ တိုက်ခိုက်

ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက လွိုင်လင်လေးမြို့ အခြေစိုက် ခလရ (၅၃၀)တပ်ကို KNDF တပ်ရင်း (၁၂ ၊ ၁၄)နှင့် ကရင်နီတပ်မတော်(KA)တို့ ပူးပေါင်း၍ အလစ်အငိုက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း -၁၂မှ ရဲဘော်များအား တွေ့စဉ်။ ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း -၁၂မှ ရဲဘော်များအား တွေ့စဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ(၅၃၀)တပ်ကို တိုက်ခိုက်ရာ သေဆုံးမှုရှိနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၂က ယနေ့ ထုတ်ပြန်သည်။

ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက လွိုင်လင်လေးမြို့ အခြေစိုက် ခလရ (၅၃၀)တပ်ကို KNDF တပ်ရင်း (၁၂ ၊ ၁၄)နှင့် ကရင်နီတပ်မတော်(KA)တို့ ပူးပေါင်း၍ အလစ်အငိုက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။

“တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်မှ ထိခိုက် သေဆုံးမှု ရှိနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့ဖက်မှ ထိခိုက် မှု မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်”ဟု KNDF တပ်ရင်း(၁၂)က ပြောသည်။

သို့သော် စစ်ကောင်စီ၏ ခလရ (၅၃၀)တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခက်ခဲ့၍ လွိုင်လင် လေးမြို့နယ် ၊ လင်ဖုံးကြီးကျေးရွာ နှင့် နမ်းဟူးကျေးရွာများအတွင်းသို့ ကျရောက်ကာ လူနေအိမ်များထိခိုက်ပျက်ဆီးမှု ရှိခဲ့သည်။

လတ်တလော စစ်ရေးအခြေနေအရ လွိုင်လင်လေး – ထီးစဲခါး လမ်းပေါ်တွင် စစ်ရေးအသိဖြင့် သတိပြုသွား လာကြရန်လည်း KNDF က မေတ္တာရပ်ခံသည်။

ထို့အပြင် ဇွန်လ ၃ရက်က ခမရ (၅၃၀)မှ တပ်သားသုံးဦး ဖယ်ခုံ PDF တပ်ရင်း (၂)ထံသို့ လက်နက်မဲ့ ထွက်ပြေးခိုလှုံမှုရှိထားသည်။