Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးမှလာသည့် စစ်ကောင်စီရေယာဥ် ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ဆင်ရေးကို Farmers Revolution Force-3 မုံရွာခရိုင် တပ်ရင်း-၁၀၊ Chindwin Fighter Group၊ မုံရွာခရိုင်တပ်ရင်း (၉)တပ်ခွဲ (၃)၊ ဗန္ဓုလနှင့်အဖွဲ့သားများ၊ Brave Heart Army တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းကို အင်အားလာဖြည့်သည့် စစ်ကောင်စီရေယာဥ် ၂စင်းအား ဒေသကာကွယ်ရေးအဖွဲ့များက ၂၀၂၂ ဒီဇင်ဘာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ASF)
(ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းကို အင်အားလာဖြည့်သည့် စစ်ကောင်စီရေယာဥ် ၂စင်းအား ဒေသကာကွယ်ရေးအဖွဲ့များက ၂၀၂၂ ဒီဇင်ဘာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ASF)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှလာသော စစ်ကောင်စီတပ်၏ ရေယာဥ်တစ်စီးအား ပစ်ခတ်တိုက်ခို​က်ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင်တပ်ရင်း(၁ဝ) Farmers Revolution Forceအဖွဲ့က ပြောသည်။

ယမန်နေ့(ဇူလိုင် ၅ရက်) နံနက်ပိုင်းက ကံကြီးကုန်းပျူစောထီးရွာကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဝင်တိုက်ခဲ့ရာ ပျူစောထီးများ အထိအခိုက်များပြီး စစ်ကောင်စီတပ်ကလည်း စစ်ကူလာခဲ့သည်ဟု ဆိုသည်။

ညနေပိုင်းတွင် အဆိုပါကျေးရွာမှ စစ်ကောင်စီတပ်သည် အင်အား ၅၀မှ ၆​၀ကြားဖြင့် မုံရွာမြို့ ဘက်သို့လာရောက်ရာ ညနေ ၆နာရီခန့်တွင် ချင်းတွင်းမြစ်အတွင်း၌ ပြောင်းတိုက် ၁၇လုံး လေးပွိုင့်ခွဲတိုက်ခိုက်ခဲ့ကြောင်း FRFအဖွဲ့က ပြောသည်။

တိုက်ခိုက်မှုတွင် တပ်တွင်းသတင်းအရ စစ်သားတစ်ဦးသေဆုံးပြီး ထိခိုက်သူများသည်ဟု FRFက ဆိုသည်။

“ပျူမပါဘူး။ ဟိုမှာက တော်တော်လေးချေမှူန်းထားတာဆိုတော့။ သူတို့ကနေပိုင်းမှာ ရောက်တယ်။ အရင်လာတဲ့တစ်စီးက မှန်ခုံပေါက်သွားတယ်။ နောက်တစ်စီးနဲ့ပြန်ဆင်းတာ။ ကံကြီးကုန်းကနေ ပြန်ဆန်တက်တဲ့အချိန်တိုက်တာပါ။ ထိချက်ကကောင်းကောင်းထိတယ်။”ဟု မုံရွာခရိုင်တပ်ရင်း(၁ဝ)၏ တပ်ရင်းမှူး ဗိုလ်ဒေါင်းမာန်က ပြောသည်။

မုံရွာမြို့သို့ ရေယာဥ်ဆိုက်ချိန်တွင် စစ်ကောင်စီတပ်မှထိခိုက်သေဆုံးသူအချို့ရှိကြောင်း မုံရွာကင်းထောက်ရဲဘော်များက ပြောသည်။

စစ်ဆင်ရေးကို Farmers Revolution Force-3 မုံရွာခရိုင် တပ်ရင်း-၁၀၊ Chindwin Fighter Group၊ မုံရွာခရိုင်တပ်ရင်း (၉)တပ်ခွဲ (၃)၊ ဗန္ဓုလနှင့်အဖွဲ့သားများ၊ Brave Heart Army တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့နံနက်ပိုင်းက ချောင်းဦးမြို့နယ်၊ ပျူစောထီးကြီးစိုးရာ ကံကြီးကုန်းရွာနှင့် ကင်မွန်းတော်ကျေးရွာရှိ စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ပျူရွာနှစ်ရွာအား ဝင်တိုက်ချိန် စစ်ကူလာသည့် ကွန်မန်ဒိုစစ်ကြောင်းနှင့် ထိပ်တိုက်တိုးပြီး PDF ရဲဘော် သုံးဦးကျဆုံးခဲ့သည်။

စစ်ကောင်စီတပ်က လေကြောင်းပစ်ကူခဲ့ပြီး ဝယာအုပ်စုအတွင်းရှိ နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။