Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံး PDFမှ ရဲဘော်နှစ်ဦး တာဝန်ထမ်းဆောင်ရင်း ကျဆုံး

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ ရဲဘော်ကျေးငှက်နှင့် ရဲဘော်ကြွက်နီတို့ကျဆုံးခဲ့သည့် သတင်းကို ယနေ့(ဇူလိုင် ၆ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

(ကျဆုံးရဲဘော်၏ နာရေးအခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)
(ကျဆုံးရဲဘော်၏ နာရေးအခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)

ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ ရဲဘော်ကျေးငှက်နှင့် ရဲဘော်ကြွက်နီတို့ကျဆုံးခဲ့သည့် သတင်းကို ယနေ့(ဇူလိုင် ၆ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

“ကျန်းမာရေးမကောင်းပြီး ကျဆုံးခဲ့ရတာပါ။ လုံခြုံရေးအခြေအနေကြောင့် အခုမှပဲထုတ်ပြန်တာပါ”ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရဲဘော်ကြွက်နီနှင့် ရဲဘော်ကျေးငှက်တို့ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုပြီး အရေးတော်ပုံအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တိုင်တည်သစ္စာကတိပြုကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။