Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံးမြို့နယ်ရှိ ကျေးရွာနှစ်ရွာအား စစ်တပ်က မီးရှို့ဖျက်ဆီး

အင်အား (၅၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ် ၂၁ ရက် နေ့လယ်ပိုင်းက ကျောက်မတ်တပ်ကျေးရွာဘက်မှ ရောက်ရှိလာပြီး ညောပြင်ကျေးရွာသို့ဝင်ရောက်ကာ နေအိမ် ၁၀၀ခန့်အား မီးရှို့ဖျက်ဆီးသွားသည်ဟု ဆိုသည်။

(လောင်းလုံးနယ်မှ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
(လောင်းလုံးနယ်မှ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)

▪️လူငယ်တစ်ဦး ပစ်သတ်ခံရပြီး ငါးဦးဖမ်းဆီးခံရဟုဆို

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာအား မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၁၅၀ခန့် မီးလောင်ဆုံးရှုံးသွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)က People’s Spring သတင်းဌာနသို့ ပြောသည်။

အင်အား (၅၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ် ၂၁ ရက် နေ့လယ်ပိုင်းက ကျောက်မတ်တပ်ကျေးရွာဘက်မှ ရောက်ရှိလာပြီး ညောပြင်ကျေးရွာသို့ဝင်ရောက်ကာ နေအိမ် ၁၀၀ခန့်အား မီးရှို့ဖျက်ဆီးသွားသည်ဟု ဆိုသည်။

(လောင်းလုံးနယ်မှ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
(လောင်းလုံးနယ်မှ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ – CJ)

ယင်းနောက် စစ်ကောင်စီတပ်များ ညောပြင်ရွာမှအပြန်တွင် အောက်ကျောက်ဝပ်ကျေးရွာသို့ဝင်ရောက်ကာ နေအိမ် ၅၀ခန့်အား မီးရှို့ဖျက်ဆီးသည့်အပြင် လူ ငယ်တစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ မတ်လ ၂၂ ရက်တွင်လည်ူ စစ်ကောင်စီတပ်များက လောင်းလုံးနယ် နခံတောရွာမှ ဒေသခံပြည်သူငါးဦးကို ဖမ်းဆီးသွားပြီး မည်သည့်အတွက် ယခုလိုဖမ်းဆီးသွားသည်ကို မသိရသေးပေ။

မတ်လ ၄ ရက်ကလည်း ကျောက်နီမှော်ဘက်မှလာသော စစ်ကောင်စီတပ်က အောက်ကျောက်ဝပ်ရွာမှ ဒေသခံပြည်သူခြောက်ဦးအား ဖမ်းဆီးနှိပ်စက်ကာ ငါးဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သေးသည်။

You May Also Like

သတင်း

ယနေ့ (မတ်လ ၂၃ ရက်)နံနက်ပိုင်းမှာပင် ကမြောကင်းတံတားအနီး မြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်များ ကင်းပတ်နေသည့်အပြင် ထားဝယ်-လောင်းလုံးလမ်းမကြီးတလျှောက်ကင်းပုန်းများချကာ ကင်းပတ်ခြင်းများလည်း ရှိနေကြောင်း သိရသည်။

သတင်း

မတ်လ ၁၄ရက်ကလည်း မတူပီ - ပလက်၀လမ်း ၀လံပီ နှင့် ကလားကြားတွင် စစ်ကောင်စီတပ်ကို မတူပီ CDFက မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု မတူပီ CDFက အသိပေးထားသည်။

သတင်း

ကေအဲန်ယူ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင် တပ်မဟာ(၃)နယ်မြေ ဆောထိ(ရွှေကျင်)နှင့် လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် မတ်လ(၂၀)ရက် ညနေပိုင်းက တိုက်လေယာဉ်နှင့်(၉)ကြိမ်ခန့် လာရောက်ခဲ့ပြီး ဗုံး(၂၈)လုံးထက်မနည်း ကြဲချခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်သည်ထီးချိုင့်နယ်ကိုမတ်လဆန်းကစ၍ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏတိုက်ပွဲဖြစ်​နေသည်။