Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျုံအိတ်တံတား ကင်းပုန်းအပါအဝင် စစ်ကောင်စီတပ် ပစ်မှတ်နေရာ သုံးခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်

KNLA ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၈ရက်ညပိုင်း၌ မိုင်းခွဲတိုက်ခိုက်ခဲ့၍ ပျက်စီးသွားသည့် ကျုံအိတ် တံတားကို စစ်ကောင်စီက ပြင်ဆင်နိုင်ရန် ကြိုးပမ်းလျက်ရှိရာ တံတားကင်းပုန်းနေရာ နှစ်နေရာကို ပူးပေါင်းတပ်က ယနေ့ ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ယမန်နေ့က KNLAပူးပေါင်းတပ် မိုင်းခွဲတိုက်ခိုက်ခဲ့သည့် ကျိုက်ထီးရိုး တောင်တက်လမ်းမှ တံတားအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ယမန်နေ့က KNLAပူးပေါင်းတပ် မိုင်းခွဲတိုက်ခိုက်ခဲ့သည့် ကျိုက်ထီးရိုး တောင်တက်လမ်းမှ တံတားအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️ယမန်နေ့ ဘီလင်းသံတံတားဂိတ် တိုက်ခိုက်မှု စစ်ကောင်စီတပ် တစ်ဦးသေ

▪️ကျိုက်ထီးရိုးတောင်တက်လမ်းရှိ တံတားမိုင်းခွဲခြင်းမှာ စစ်ကူနှင့်ထောက်ပို့ ဖြတ်တောက်ခြင်းဟု အသိပေး

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျုံအိတ်တံတား ပြုပြင်ရေးအတွက် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်အပါအဝင် ပစ်မှတ်နေရာသုံးခုကို ယနေ့ (ဇူလိုင် ၇ရက်) နံနက်ပိုင်းက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁)တပ်မှူးတစ်ဦးက ပြောသည်။

KNLA ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၂၈ရက်ညပိုင်း၌ မိုင်းခွဲတိုက်ခိုက်ခဲ့၍ ပျက်စီးသွားသည့် ကျုံအိတ် တံတားကို စစ်ကောင်စီက ပြင်ဆင်နိုင်ရန် ကြိုးပမ်းလျက်ရှိရာ တံတားကင်းပုန်းနေရာ နှစ်နေရာကို ပူးပေါင်းတပ်က ယနေ့ ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တံတားလာစစ်သည့် စစ်ကောင်စီအဖွဲ့ကိုလည်း ဇွန်လ ၂၉ရက်တွင် ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး၁၀လုံးချ ပစ်ခတ်ခဲ့၍ စစ်ကောင်စီဘက်က အရာရှိ အပါအဝင် သေဆုံးထိခိုက်မှုများရှိခဲ့သည်။

အဆိုပါ တံတား ကင်းပုန်းနေရာ နှစ်နေရာအပြင် ဘီးလင်း အခြေစိုက် စစ်ကောင်စီ၏(၃၁၄) အမြောက်တပ်သို့လည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“နေရာ၃နေရာပေါ့ဒရုန်းနဲ့ကြဲတယ်။ ထိခိုက်မှုတော့မသိရသေး။(၃၁၄)အမတက သုံးချက်ပြန်ပစ်တယ် နှစ်ချက်ပေါက်ကွဲတယ်။ ရွာတွေဘက်မှာ မကျဘူး တောင်ခြေဘက်ကျ” ဟု KNLA တပ်မှူးက ပြောသည်။

ထို့ပြင် ယမန်နေ့တွင် KNLA ပူးပေါင်းတပ်က ဘီးလင်းနှင့် ကျိုက်ထိုအစပ်ရှိ သံတံတားစစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းဖြင့် ခြောက်ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုရှိခဲ့သည်ဟု ဆိုသည်။

“မနေ့ကသံတံတား ဒရုန်းဖြင့်သွားပစ် တစ်ယောက်သေ”ဟု KNLA တပ်မှူးက ပြောသည်။

ထို့ပြင် ယမန်နေ့က ကျိုက်ထီးရိုးတောင်တက်လမ်းရှိ တံတားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ တံတား ပျက်စီးသွားသည်ဟု ၎င်းက ဆိုသည်။

“ဘုရားကုန်းပေါ်မှာအထိုင်ချထားသည့်အေမြာက်တပ်ရှိတယ်တပ်ခွဲတခွဲလည်းရှိတယ်။ ထပ်ပြီးစစ်ကူအင်အားနဲ့ထောက်ပို့အတွက် ဆောင်ရွက်နိုင်ခြင်းမရ ဖို့အတွက်ဘဲ”ဟု KNLA တပ်မှူးက ကျိုက်ထီးရိုးတောင်တက်လမ်းရှိ တံတားကို တိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ရှင်းပြသည်။

KNLAနှင့် ပူးပေါင်းတပ်ဖွဲ့များသည် သထုံ၊ ကျိုက်ထို၊ ဘီးလင်းစသည့် မြို့နယ်များအတွင်း၌ စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။