Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေး − ထားဝယ်လမ်းပိုင်းမှာရှိတဲ့ စစ်တပ် လုံခြုံရေးစခန်းကုန်း စီးနင်းခံရ

စခန်းကို ည ၁၀ နာရီ ၅ မိနစ်ခန့်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့မှာသတင်းထုတ်ပါတယ်။

ရေး − ထားဝယ်လမ်းပိုင်းမှာရှိတဲ့ စစ်တပ် လုံခြုံရေးစခန်းကုန်း စီးနင်းခံရ
ရေး − ထားဝယ်လမ်းပိုင်းမှာရှိတဲ့ စစ်တပ် လုံခြုံရေးစခန်းကုန်း စီးနင်းခံရ

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကိုဆက်သွယ်ထားတဲ့ အမှတ် ၈ လမ်းမကြီးမှာရှိတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေး စခန်းကုန်းကို မနေ့ညပိုင်းမှာ KNU နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။

အဲဒီစခန်းဟာ ရေး − ထားဝယ်လမ်းပိုင်းရဲ့ မိုင်တိုင် ၁၄ အနီးမှာရှိပြီး စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်း ခမရ ၅၉၁ တပ်က ဗိုလ်အဆင့် ဦးစီးကာ ဆက်သွယ်ရေးတာဝါတိုင်နဲ့ မလွဲတောင်တံတားကို လုံခြုံရေးယူထားတာပါ။

Public Service Announcement
Public Service Announcement

စခန်းကို ည ၁၀ နာရီ ၅ မိနစ်ခန့်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့မှာသတင်းထုတ်ပါတယ်။

စီးနင်းတိုက်ခိုက်မှုမှာ ခဲယမ်းတွေ သိမ်းဆည်းရမိပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးလိုက်တယ်လို့ဆိုထားပါတယ်။

အမှတ် ၈ လမ်းမကြီးမှာ KNU နဲ့ PDF ပူးပေါင်းတပ်တွေဟာ နယ်မြေစိုးမိုးရေးအတွက် ပြီးခဲ့တဲ့ ဇွန်လကစတင်ပြီး လမ်းပိုင်းတလျောက်ကင်းလှည့်တာ ၊ စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။