Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တိုက်ပွဲ စစ်ကောင်စီတပ်၄ဦးသေ၊၁၇ဦးထက်မနည်း ဒဏ်ရာရဟု​ဒေသခံကာကွယ်​ရေးအဖွဲ့​ပြော

အင်အား ၁၀၀ ခန့်ရှိစစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များသည် တန့်ဆည်မြို့နယ် ပဲဇင်းကြီးရွာအနောက်ဘက်တွင် ဇူလိုင်လ ၁၅ ရက်နံနက် ၅နာရီ ၂၇ မိနစ်မှ နာရီ ခွဲအထိ ၁နာရီ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲသည်။

(Myanmar Defense Force -Taze -Tigerမှ တပ်ဖွဲ့ဝင်များ)
(Myanmar Defense Force -Taze -Tigerမှ တပ်ဖွဲ့ဝင်များ)

တန့်ဆည်တွင်ယမန်နေ့(ဇူလိုင်လ ၁၅ ရက်)နံနက်က ဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ ၁၇ဦးထက်မနည်း ဒဏ်ရာရရှိသွားပြီးယနေ့တွင်ကဒူးမရွာထဲ၌ တပ်စွဲနေ​ကြောင်း ​Myanmar Defense Force -Taze -Tigerမှ တာဝန်ခံတစ်ဦးကပြောပြောသည်။

အင်အား ၁၀၀ ခန့်ရှိစစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များသည် တန့်ဆည်မြို့နယ် ပဲဇင်းကြီးရွာအနောက်ဘက်တွင် ဇူလိုင်လ ၁၅ ရက်နံနက် ၅နာရီ ၂၇ မိနစ်မှ နာရီ ခွဲအထိ ၁နာရီ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲသည်။

“တိုက်ပွဲက တော်တော်လေးပြင်းထန်ခဲ့ပါတယ်။စစ်ကောင်စီဖက်က လေးဦးသေဆုံးပါတယ်။ ၁၇ဦးထက်မနည်း ဒဏ်ရာရသွားပါတယ်။ အတွင်းသတင်းပြန်ရပါတယ်”ဟုအထက်ပါတာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်သည် မြေပြင်တွင်အထိနာသဖြင့် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်​တွင် မုံရွာနမခ မှMI35 ရဟတ်ယာဥ်ဖြင့် လာရောက် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ရာနေရာအနီးမှ သပြေရင်းရွာ၊ပဲဇင်းကြီးရွာနှင့်ခရမ်းခြံရွာတို့ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားပြီး အရပ်သားထိခိုက်မှုမရှိဟု၎င်းကဆက်​ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ယနေ့(ဇူလိုင်လ ၁၆ ရက်)နံနက်တွင် ကဒူးမရွာထဲ၌ တပ်စွဲထားဆဲဖြစ်​ကြောင်းလဘ်းသိရသည်။

“ဒီနေ့တော့ မလှုပ်ရှားသေးဘူး။ ခါတိုင်းဆိုရင် တညနားပြီးတောက်လျှောက်ပြန်ထွက်တယ်။ အခုကတော့ ရွာထဲမှာပဲ ရှိနေတယ်။ မနေ့က တိုက်ပွဲမှာ ဒီကောင်တွေ အထိနာသွားပြီး ဆေးကုနေတာထင်တယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

လတ်တ‌လောတွင် စစ်ကောင်စီစစ်ကြောင်းရှိရာ နေရာမှ နှစ်မိုင်ခန့်အတွင်း နေထိုင်သော ပြည်သူများဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟု ​ဒေသခံအချို့က​ပြောသည်။