Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်နယ်တွင် စစ်ဘေးရှောင်ပြည်သူများ ဖျားနာမှုဖြစ်ပွားနေ

ဝက်လက်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က သုံးဆင့်ကန်ကျေးရွာ မီးရှို့ဖျက်ဆီးခံရ၍ ထွက်ပြေးလာရသော ပြည်သူများမှာ တုပ်ကွေးမိ၍ ဖျားနာကိုက်ခဲခြင်းများ ဖြစ်ပွားနေကြောင်း ဒေသတွင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

(စစ်ရှောင်ပြည်သူများအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ- ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)
(စစ်ရှောင်ပြည်သူများအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ- ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးနေရသော ပြည်သူများ ဖျားနာမှုများ ဖြစ်ပွားနေ၍ အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဝက်လက်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က သုံးဆင့်ကန်ကျေးရွာ မီးရှို့ဖျက်ဆီးခံရ၍ ထွက်ပြေးလာရသော ပြည်သူများမှာ တုပ်ကွေးမိ၍ ဖျားနာကိုက်ခဲခြင်းများ ဖြစ်ပွားနေကြောင်း ဒေသတွင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

အဆိုပါပြည်သူများအနက် ၅၂ ဦးအား ယနေ့ (ဇူလိုင် ၁၆ ရက်)တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောသည်။

“လွန်ခဲ့တဲ့ တစ်ပတ်က မိုးရေတွေထဲ စစ်ရှောင်ရတော့ ကလေးလူကြီးအားလုံး တုပ်ကွေးမိပြီးဖျားနေကြပါတယ်။”ဟု ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ဆေးဝါးများ အလုံအလောက်မရှိသည့်အပြင် ရိက္ခာ၊အမိုးအကာ၊စသည့် အခြေခံလိုအပ်ချက်များ ရှိနေ၍ အကူအညီများပေးစေလိုကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက မေတ္တာရပ်ခံထားသည်။

မြန်မာပြည်တွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူအရေအတွက် ၁.၈ သန်းကျော် (၁,၈၅၁,၇၀၀)အထိရှိနေပြီး စစ်ကိုင်းတိုင်းတွင် နေရပ်စွန့်ခွာသူအရေအတွက် ၇၆၅,၂၀၀ ဦးဖြင့် အများဆုံးဖြစ်ကြောင်း ဇွန်လကုန်ပိုင်းကထုတ်ပြန်သည့် ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။