Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးရိုးမဖြတ်လမ်းနယ်​မြေစိုးမိုး​ရေး PDFများ​ဆောင်ရွက်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်နှင့် ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်သို့ ပဲခူးရိုးမအားဖြတ်ပြီးဖောက်လုပ်ထားသည့်လမ်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေစစ်ဆေးရေးလုပ်ဆောင်နေခြင်းဖြစ်သည်။

(သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှရဲ​ဘော်များလုံခြုံ​ရေး​ဆောင်ရွက်စဥ်)
(သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှရဲ​ဘော်များလုံခြုံ​ရေး​ဆောင်ရွက်စဥ်)

▪︎ ရိုးမဖြတ်ကျော်လမ်း၌ လိုအပ်သည့် စစ်ရေးလှုပ်ရှားမှုများ စတင်နေပြီဖြစ်၍ ပြည်သူများ စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ သွားလာခြင်း၊ အနီးတွင်နေထိုင်ခြင်းများ မပြုလုပ်ကြရန်အသိ​ပေး

ပဲခူးတိုင်းအနောက်ခြမ်းနှင့်အရှေခြမ်းကိုဆက်သွယ်ထားသည့် ပဲခူးရိုးမဖြတ်လမ်းကိုနယ်မြေစိုးမိုးနိုင်ရေး ဆောင်ရွက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကစစ်ဆေးရေးလုပ်ဆောင်နေကြောင်း အမှတ်(၂)စစ်ဒေသခွဲ၊ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက‌ ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်နှင့် ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်တံခါးမြို့နယ်သို့ ပဲခူးရိုးမအားဖြတ်ပြီးဖောက်လုပ်ထားသည့်လမ်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေစစ်ဆေးရေးလုပ်ဆောင်နေခြင်းဖြစ်သည်။

(သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှရဲ​ဘော်များလုံခြုံ​ရေး​ဆောင်ရွက်စဥ်)
(သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှရဲ​ဘော်များလုံခြုံ​ရေး​ဆောင်ရွက်စဥ်)

“ရိုးမဖြတ်လမ်းကိုစိုးမိုးရေးလုပ်နိုင်ဖို့ဆောင်ရွက်နေပါတယ်”ဟုအမှတ်(၂)စစ်ဒေသခွဲ ဒုတိယစစ်ဒေသခွဲမှူးက‌ပြောသည်။

မင်းလှမြို့နယ်နှင့်ကျောက်တံခါးမြို့နယ်ဖြတ်ထားသည့် ရိုးမဖြတ်ကျော်လမ်း၌ လိုအပ်သည့် စစ်ရေးလှုပ်ရှားမှုများ စတင်လုပ်ဆောင်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ သွားလာခြင်း၊ အနီးတွင်နေထိုင်ခြင်းများ မပြုလုပ်ကြရန် အမှတ်( ၂) စစ်ဒေသခွဲ၊သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း( ၃၈၀၂ )က သတိပေးထားသည်။

အဆိုပါရိုးမဖြတ်လမ်းသည် ရန်ကုန်−မန္တလေးအမြန်လမ်းနှင့် ဆက်သွယ် ထားသောလမ်းဖြစ်သည်။ စစ်ကောင်စီတပ်နှင့် သစ်မှောင်ခိုသမားများသည် ထိုလမ်းမှတဆင့် သစ်ခိုးထုတ်နေ​သော​ကြောင့်တတ်နိုင်သမျှ တားဆီးထိန်းချုပ်သွားမည်ဟု မင်းလှမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှရဲ​ဘော်များလုံခြုံ​ရေး​ဆောင်ရွက်စဥ်)
(သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှရဲ​ဘော်များလုံခြုံ​ရေး​ဆောင်ရွက်စဥ်)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏တောင်ပိုင်းတိုင်းစစ်ဒေသခွဲ၊ အမှတ် (၂) စစ်ဒေသခွဲသည် ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်−မန္တလေး အမြန်လမ်း၊ ရန်ကုန်−မန္တလေးလမ်း လမ်းဟောင်း၊ ပဲခူး−စစ်တောင်းလမ်းပိုင်းနှင့် ရန်ကုန်−မုတ္တမ၊ ရန်ကုန်−ဘားအံလမ်းပိုင်းများအား နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း မသွားလာကြရန် သတိပေးထားသည်။

ယခုအခါစစ်ကောင်စီတပ်သည် ပဲခူးတိုင်းအတွင်းမင်းလှနဲ့ပေါင်းတည်မြို့များတွင်စစ်ရေးလှုပ်ရှားမှုရှိနေကြောင် သတင်းရရှိသည်။