Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်တွင် စစ်ကောင်စီတပ်အား ဒရုန်းငါးစင်းဖြင့် ဗုံးချတိုက်ခိုက်

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့က မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာကို ဒရုန်း ငါးစင်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ပထမဒရုန်းနှစ်စင်းမှာ စစ်ဆင်ရေးအစီအမံ အားနည်းချက်ကြောင့် ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOMမှ ကိုနွေဦး-မြောင်က ပြောသည်။

(ဒရုန်းစစ်ဆင်ရေးတွင် တွေ့ရသော တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ-CDSOM)
(ဒရုန်းစစ်ဆင်ရေးတွင် တွေ့ရသော တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ-CDSOM)

▪︎ဒရုန်း သုံးစင်းပျက်စီးကာ ရဲဘော်သုံးဦးလည်း ဒဏ်ရရှိ

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို ဒရုန်းငါးစင်းဖြင့် ဗုံးချတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုရှိခဲ့ပြီး ဒရုန်းသုံးစင်းပျက်စီးကာ ရဲဘော်သုံးဦးလည်း ဒဏ်ရရှိခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့က မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာကို ဒရုန်း ငါးစင်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ပထမဒရုန်းနှစ်စင်းမှာ စစ်ဆင်ရေးအစီအမံ အားနည်းချက်ကြောင့် ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOMမှ ကိုနွေဦး-မြောင်က ပြောသည်။

လက်ကျန် ဒရုန်း သုံးစီးဖြင့် ဆက်လက်ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထိခိုက်မှုရှိကြောင်း ၎င်းက ပြောသည်။

“ပစ်မှတ်တိုင်းတိကျစွာ လုပ်ဆောင်နိုင်ခဲ့လို့ အောင်မြင်ခဲ့ပါတယ်။ ​အသေဒဏ်ရာရ စာရင်းအတိအကျမသိရသေးပေမယ့် ရဲစခန်းထဲက ကားတွေတော့ ပျက်စီးမှုရှိပါတယ်။”ဟု ကိုနွေဦး-မြောင်က ပြောသည်။

သို့သော် နောက်ဆုံး ဒရုန်းတစ်စင်းလွှတ်ချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ရဲဘော် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲဘော်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း CDSOM အဖွဲ့က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM၊မြောင်မြို့နယ် ပလဖ အကြမ်းဖက်နှိမ်နှင်းရေး၊ မြောင်မြို့မတိုက်နယ် စစ်ကိုင်းခရိုင်တပ်ရင်း (၂)တပ်ခွဲ – ၃၊ စစ်ကိုင်းခရိုင်တပ်ရင်း (၆)တပ်ခွဲ – ၃၊ CRF မြင်းမူ၊ Liberation Army of Central Army၊ ဖီးနစ်အဖွဲ့ (ရေစကြို)၊Blood Brothers အဖွဲ့နှင့် Bomb God အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။