Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခမ်းပတ်မြို့ရဲစခန်းကို​တော်လှန်​ရေးတပ်ဖွဲ့များတိုက်ခိုက်၊ နာရီ​ပေါင်းများစွာတိုက်ပွဲဖြစ်ပြီးစစ်တပ်က​လေကြောင်းမှစစ်ကူပို့

ခမ်းပတ်မြို့ရဲစခန်းနှင့် စစ်ကောင်စီစခန်းသည် ကပ်လျက်တည်ရှိပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

( ခမ်းပတ်မြို့ကိုGoogle Map တွင်​တွေ့ရမှု / စစ်​ကောင်စီတပ်လက်နက်ကြီးဖြင့် ပစ်၍ ​နေအိမ်တစ်လုံးပျက်စီး​နေမှု။ ဓါတ်ပုံ-CJ)
( ခမ်းပတ်မြို့ကိုGoogle Map တွင်​တွေ့ရမှု / စစ်​ကောင်စီတပ်လက်နက်ကြီးဖြင့် ပစ်၍ ​နေအိမ်တစ်လုံးပျက်စီး​နေမှု။ ဓါတ်ပုံ-CJ)

ခမ်းပတ်မြို့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူး‌ ပေါင်းတပ်များကနာရီ​ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က ဇူလိုင် ၂၃ ရက်ည​နေပိုင်းတွင် ​လေယာဥ်နှစ်စင်းဖြင့် အင်အားအများအပြား ချသွားကြောင်း သတင်းရရှိသည်။

တမူးမြို့နယ်၊ ခမ်းပတ်မြို့ရဲစခန်းကို တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ခမ်းပက်မြို့ရှိဒေသကာကွယ်ရေးတပ်ဖွဲ့များကပူး​ပေါင်း၍ ယမန်နေ့( ဇူလိုင် ၂၂ရက်)ည ၈ နာရီဝန်းကျင်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံများနှင့် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောသည်။

ခမ်းပတ်မြို့ရဲစခန်းနှင့် စစ်ကောင်စီစခန်းသည် ကပ်လျက်တည်ရှိပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

( ခမ်းပတ်မြို့ကိုGoogle Map တွင်​တွေ့ရမှု / စစ်​ကောင်စီတပ်လက်နက်ကြီးဖြင့် ပစ်၍ ​နေအိမ်တစ်လုံးပျက်စီး​နေမှု။ ဓါတ်ပုံ-CJ)
( ခမ်းပတ်မြို့ကိုGoogle Map တွင်​တွေ့ရမှု / စစ်​ကောင်စီတပ်လက်နက်ကြီးဖြင့် ပစ်၍ ​နေအိမ်တစ်လုံးပျက်စီး​နေမှု။ ဓါတ်ပုံ-CJ)

” တိုက်ပွဲက မနေ့ညကရော ဒီနေ့(ဇူလိုင်လ ၂၃ရက်)မနက်ပါ ဖြစ်တာ။ ဒီညနေ ၄နာရီမှာတော့ လေယာဉ်နှစ်စင်းနဲ့ လာတယ်။ လေထီးတွေနဲ့ အင်အား တိုးချနေတယ်” ဟု အထက်ပါ ရဲဘော်ကပြောသည်။

ခမ်းပတ်ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိခိုက်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို မသိရှိရသေးပေ။ ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုအပြင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

တိုက်ပွဲမတိုင်ခင် ၃ ရက်ခန့်ကတည်းက စစ်​ရေးတင်းမာ​နေပြီး ဇူလိုင် ၂၃ ရက်ညတွင် စတင်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကာ မြို့ခံပြည်သူများပထမဆုံးတိုက်ပွဲအ​တွေ့အကြုံဖြစ်၍ စိုးရိမ်​နေ​ကြောင်း ပြည်သူအချို့က​ပြောသည်။

“ခမ်းပတ် စစ်စခန်းနဲ့ ရဲစခန်းတို့တို့ကိုဝင်တိုက်လို့ကြားရပါတယ်။ခမ်းပတ်မြို့ပေါ်မှာထိတွေ့တိုက်ပွဲကဒါပထမဆုံးတိုက်ပွဲဖြစ်လို့လေ”ဟု​ဒေသခံတစ်ဦးက​ပြောသည်။

လမ်းမ​ဘေးရှိ​နေအိမ်များ ဇူလိုင် ၂၃ ရက်ညက​နေက ​​ဘေးလွတ်မည့်ထင်ရာသို့တိမ်း​ရှောင်ကြပြီး ၊ ခမ်းပတ်မြို့ အနီးရှိ​ကျေးရွာအချို့လည်းတိမ်း​ရှောင်​နေရပြီဖြစ်​ကြောင်းသိရသည်။

စစ်​ကောင်စီတပ်က အထိနာပါက​လေ​ကြောင်းမှတိုက်ခိုက်ခြင်း၊စစ်ကူပို့ခြင်းများပြုလုပ်နိုင်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

စစ်ရေးတင်းမာနိုင်၍ ယခုရက်ပိုင်း ခရီးသွားလာခြင်းများမပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက သတိပေးသည်။ တိုက်ပွဲနှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ညအထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ခမ်းပတ်မြို့ သည် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် ပါဝင်သည့် မြို့နယ်ခွဲအဆင့်ရှိမြို့ ဖြစ်သည်။