Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးမြို့ရှိ စစ်​ကောင်စီ ရုံးနှစ်ရုံး တိုက်ခိုက်ခံရ

ယမန်နေ့ည ၉ နာရီကျော်တွင် ပဲခူးမြို့ ဆေးရုံကြီးအနီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းအနီး ဂိတ်ပေါက်နား၌ ပေါက်ကွဲသံ အကျယ်ကြီး ကြားရကြောင်း ဒေသခံများက ပြောသည်။

(ဇူလိုင် ၂၄ ရက်ညက ဗုံးပစ်တိုက်ခိုက်ခံရသည့်စစ်​ကောင်စီ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး /ပုံအဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-CJ)
(ဇူလိုင် ၂၄ ရက်ညက ဗုံးပစ်တိုက်ခိုက်ခံရသည့်စစ်​ကောင်စီ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး /ပုံအဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-CJ)

ပဲခူးမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းအား ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ယမန်နေ့ညပိုင်းတွင် M79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF နှင့် ​ဒေသခံများက​ပြောသည်။

ယမန်နေ့ည ၉ နာရီကျော်တွင် ပဲခူးမြို့ ဆေးရုံကြီးအနီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းအနီး ဂိတ်ပေါက်နား၌ ပေါက်ကွဲသံ အကျယ်ကြီး ကြားရကြောင်း ဒေသခံများက ပြောသည်။

“ညက ၉ နာရီကျော်လောက်ပဲ ရှိဦးမယ် အစိုးရအဖွဲ့ရုံးဝန်းထဲမှာ ပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်ရတယ်။ အဲဒီ့ဝန်းထဲက ထွေအုပ်ရုံး ဂိတ်ပေါက်နားမှာ ပေါက်တာလို့ သိရတယ်။ ထိခိုက်ပျက်ဆီးမှု အခြေအနေတော့ မသိရသေးပါဘူး” ဟု ပဲခူးမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါစစ်ဆင်ရေးတွင် ထိခိုက်ပျက်စီးမှု အသေးစိတ်ကို ဆက်လက်အတည်ပြုစုံစမ်းဆဲဖြစ်ကြောင်းနှင့် ပဲခူးမြို့နယ် ပကထ တပ်ဖွဲ့ဝင်များအနေဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပဲခူး​ဒေသ PDF က ယနေ့ (ဇူလိုင် ၂၅) အသိပေးထုတ်ပြန်သည်။

ယင်းပေါက်ကွဲမှုကြောင့် ယနေ့ နံနက်တွင် ပဲခူးမြို့ အစိုးရအဖွဲ့ရုံးအနီး၊ ဆေးရုံကြီးအနီးနှင့် ရွှေမော်ဓောဘုရားလမ်းတို့တွင် စစ်ကောင်စီဝင် အများအပြား လှည့်လည်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ပြောသည်။

“ညက အစိုးရရုံးထဲမှာ ဗုံးပေါက်လို့ ဆိုပြီး ဒီမနက်စစ်သားတွေ အစစ်အဆေးကြမ်းနေတယ်။ ရုံးအဝင်ဝမှာတင် ဝန်ထမ်းတွေရော ပြည်သူတွေပါ အဝင်အထွက်စစ်နေတာ တွေ့ခဲ့တယ်။ အစိုးရအဖွဲ့ရုံးနား၊ ဆေးရုံကြီးနားနဲ့ ဘုရားလမ်း ပေါ်တွေမှာလည်း စစ်ကားတွေ တောက်လျှောက်ပတ်နေပါတယ်” ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။