Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းမြောက် နမ့်အွန်ဒေသ၌ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သားသေဆုံးထိခိုက်မှုရှိဟု TNLA ပြော

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်အတွင်း ရှမ်းမြောက်ဒေသ ကွတ်ခိုင်၊မူဆယ်၊ ကျောက်မဲဒေသများ၌ တိုက်ပွဲ ၅ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

(နမ့်အွန်ဒေသသို့ စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်ပြီးနောက် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - PSLF/TNLA)
(နမ့်အွန်ဒေသသို့ စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်ပြီးနောက် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - PSLF/TNLA)

“စစ်ကောင်စီက TNLA ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရွာထဲကိုဦးတည်ပြီး တိုက်ခိုက်တာ”

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်- ကွတ်ခိုင် လမ်းပိုင်းရှိ နမ့်အွန်ဒေသသို့ စစ်ကောင်စီတပ်က ယနေ့တွင် လက်နက်ကြီးအပြင် လေကြောင်း အသုံးပြုတိုက်ခိုက်လာ၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံနှင့် တအာင်းတပ်မတော်(TNLA)တို့က ပြောသည်။

ဇူလိုင် ၂၃ရက်က မူဆယ်မြို့နယ် စယ်လန့်ရွာအနီးတွင် TNLAတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့ပြီးနောက် နမ့်အွန်ဒေသကို လက်နက်ကြီး၊ လေကြောင်းသုံး၍ တိုက်ခိုက်လာခြင်းဖြစ်သည်။

(နမ့်အွန်ဒေသသို့ စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်ပြီးနောက် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - PSLF/TNLA)
(နမ့်အွန်ဒေသသို့ စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်ပြီးနောက် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – PSLF/TNLA)

“အဲဒီမှာက TNLAနဲ့ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။အဲဒီမှာစစ်ကောင်စီကတဖက်သတ်ပဲ လက်နက်ကြီးတွေ ပစ်ခတ်တယ်။လေကြောင်းကနေတိုက်ခိုက်တဲ့ အနေအထားရှိတယ်။ စစ်ကောင်စီက TNLA ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရွာထဲကိုဦးတည်ပြီး တိုက်ခိုက်တာပေါ့” TNLA သတင်းပြန်ကြားရေး အရာရှိက ပြောသည်။

ထိုသို့ တိုက်ခိုက်သည့်အချိန်တွင် TNLA တပ်ဖွဲ့များရှိမနေကြောင်း ၎င်းက ဆိုသည်။

“အဲဒီလို လာတိုက်ခိုက်သွားတဲ့အတွက်နေအိမ်အချို့ရော အရပ်သားတစ်ဦးရော။ ပြီးရင် အခြားသူတွေရော ထိခိုက်သေဆုံး ဒဏ်ရာရတာရှိတယ်။ MI-35 ရဟတ်ယာဉ်နဲ့လာတာ။ ဒီဟာက သူတို့TNLAကို တိုက်တယ်ဆိုတာထက်ပြည်သူကို ဒုက္ခပေးချင်တဲ့အတွက် အဲဒီလိုဦးတည်တိုက်ခိုက်တယ်လို့မြင်တယ်” ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။

Public Service Announcement
Public Service Announcement

ရှမ်းမြောက်ဒေသခံတစ်ဦးကလည်း “ဒီနေ့ တစ်နေကုန်ပွဲကြမ်းနေတယ်။ ချတာကတော့ မနေ့က ညကတည်းက ချတာ။ နမ့်အွမ်အရှေ့ဘက်က တောင်လို့ပြောတယ်။ (၁၀၅)မိုင်က ပစ်ကူများတယ်။ နမ့်ဖက်ကတော့‌လေးငါးလုံးပဲ။ ဒီနေ့ ရဟတ်ယာဉ်ကိုလာသွားတယ်။ ဒီတစ်ခေါက်ကတော့ ပလောင်အဖွဲ့နဲ့။ တအာင်းအဖွဲ့ပေါ့”ဟု ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်မှုရှိသည်ဟု ဆိုသည်။

(နမ့်အွန်ဒေသသို့ စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်ပြီးနောက် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - PSLF/TNLA)
(နမ့်အွန်ဒေသသို့ စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်ပြီးနောက် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – PSLF/TNLA)

“နမ့်အွန်စျေးထဲကျတာ။ ပထမတော့ ညတုန်းကကျတော့ စျေးထဲကို ကျတာ။ မှန်ဘီဒိုတွေ ဘာတွေ သွပ်တွေပဲလှန်တာ။ နေ့လည်ကျတဲ့ အလုံးကျတော့ ရွာထဲက လူတွေ ထိကုန်တာ။ တစ်ယောက်ကတော့ ပွဲချင်းပြီး။ ကျန်တဲ့လူတွေလည်း ထိကုန်တယ်” ဒေသခံက ပြောသည်။

TNLA သတင်းပြန်ကြားရေးဌာန၏ စစ်ရေးသတင်းဖော်ပြချက်တွင် နမ့်အွန်ကျေးရွာအုပ်စု ဆိုက်ခေါင်ကျေးရွာသို့ ဦးတည်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းအသုံးပြု တိုက်ခိုက်လာ၍ အရပ်သားတစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့ကြောင်း၊ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရရသည်ဟု ဆိုသည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်အတွင်း ရှမ်းမြောက်ဒေသ ကွတ်ခိုင်၊မူဆယ်၊ ကျောက်မဲဒေသများ၌ တိုက်ပွဲ ၅ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။