Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်တွင် စစ်ကောင်စီက ရွာအနီးမိုင်းထောင်ထား၍ ကလေးငယ်အပါအဝင် အမျိုးသမီးသုံးဦး ဒဏ်ရာရ

အဆိုပါ မိန်းကလေးများမှာ မျှစ်ရှာမှိုကောက်သွားစဉ် မိုင်းနင်းမိ ပေါက်ကွဲ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး (၁၂)နှစ်အရွယ် မိန်းကလေးမှာ စိုးရိမ်ရသည့် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် မိုင်းထားသော ကျေးရွာအနီးနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် မိုင်းထားသော ကျေးရွာအနီးနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က ကျေးရွာအနီး၌ မြေမြှုပ်မိုင်းနှင့်တိုက်မိုင်းများ ထောင်ထား၍ (၁၂)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအပါအဝင် အမျိုးသမီးသုံးဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၂၉ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ဝေါ်လေဗျူဟာကုန်းစခန်းမှ ပြည်သူများရှိရာ ကျေးရွာအနီးတွင် ထောင်ထားသော မြေမြှုပ်မိုင်းများကြောင့် ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်၊ အောင်မင်္ဂလာကျေးရွာနေ (၁၂)နှစ်အရွယ် ကလေးငယ်နှင့် ၎င်း၏ အစ်မ (၁၉)နှစ်အရွယ် မိန်းကလေးတို့ ဒဏ်ရာရခဲ့သည်။ ထို့ပြင် (၂၂)နှစ်အရွယ် မိန်းကလေးတစ်လည်း ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ မိန်းကလေးများမှာ မျှစ်ရှာမှိုကောက်သွားစဉ် မိုင်းနင်းမိ ပေါက်ကွဲ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး (၁၂)နှစ်အရွယ် မိန်းကလေးမှာ စိုးရိမ်ရသည့် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ အပြစ်မဲ့ ပြည်သူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း နှင့် မိုင်းများ လိုက်လံထောင်ထားခြင်းကြောင့် နယ်မြေခံပြည်သူများမှာ မိမိတို့၏ ဥယာဉ်ခြံမြေသို့ အလုပ်အကိုင် သွားလာလုပ်ကိုင်ရန် မဝံ့မရဲကြတော့ပဲ စိုးရိမ်ထိတ်လန့်လျှက်ရှိနေကြောင်း KNUဗဟိုက ထုတ်ပြန်သည်။