Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး ပျုစောထီးများမီးရှို့ပြီး PDFကရှို့သည်ဟုဆိုကာ သတင်းအမှားလွှင့်

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်၊ အပိုင်း(B)တွင်ရှိသော ပြည်ခိုင်ဖြိုးပါတီရုံးသည် ယနေ့ည ၈ နာရီခန့်မှ စတင်ကာ မီးလောင်နေခြင်းဟု သိရသည်။

(ဖားကန့်ရှိ ပြည်ခိုင်ဖြိုးရုံးမီး​လောင်​နေစဥ်။ဓါတ်ပုံ-CJ)
(ဖားကန့်ရှိ ပြည်ခိုင်ဖြိုးရုံးမီး​လောင်​နေစဥ်။ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးကို ယနေ့ည ၈နာရီခန့်တွင် ပျုစောထီးများ မီးရှို့ဖျက်ဆီးသွားပြီး PDFက မီးရှို့သည်ဟုဆိုကာ သတင်းအမှားလွှင့်နေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်၊ အပိုင်း(B)တွင်ရှိသော ပြည်ခိုင်ဖြိုးပါတီရုံးသည် ယနေ့ည ၈ နာရီခန့်မှ စတင်ကာ မီးလောင်နေခြင်းဟု သိရသည်။

“ကျွန်တော်တို့ လုံးဝမရှို့ဘူး။ ဘယ်ပြည်သူကမှ ရှို့တာလည်း မဟုတ်ဘူး။ သူတို့အချင်းချင်း လုပ်တာ။PDF တွေလုပ်တာဆိုပြီး သက်သက အစဆွဲနေတာ” ဟု ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

ပျူစောထီး ငါးဦးထက်မနည်းက ဆိုင်ကယ်ဖြင့်လာရောက်ကာ မီးရှို့ပြီး ထွက်ပြေးသွားကြောင်း ဒေသခံအချို့က ပြောသည်။

မီးလောင်မှုကြောင့် ပါတီရုံးအဆောက်အအုံတစ်ခုလုံး ပျက်စီးသွားကြောင်း သိရသည်။ ယနေ့ည ၉ နာရီခန့်တွင် စစ်ကောင်စီနှင့် ရဲအချို့ မီးလောင်ရာနေရာသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။