Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တွင် အလှအပနှင့် ကျန်းမာရေးဆိုင်၌ အမျိုးသမီးများကြိုးတုပ်ပြီး ဖုန်းများလုယူသွား

စစ်တပ်အာဏသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများ၌ မကြာခဏ ဆိုသလို လုယက်မှုများ ဖြစ်ပွားနေသည်။

(ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် လုံခြုံရေးယူနေသော စစ်ကောင်စီလက်ပါးစေ ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် လုံခြုံရေးယူနေသော စစ်ကောင်စီလက်ပါးစေ ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - PS)

ရန်ကုန်မြို့ ရန်ကင်းမြို့နယ် (၁၃)ရပ်ကွက် သစ္စာလမ်းရှိ အလှအပနှင့် ကျန်းမာရေးဆေးခန်း၌ ဆိုင်ဝန်ထမ်းအမျိုးသမားများကြိုးတုပ်၍ ဖုန်းသုံးလုံး လုယက်မှု ယနေ့ (သြဂုတ် ၃) ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ယနေ့ နံနက် ၁၁နာရီခွဲကျော်က မျက်နှာဖုံးစွပ် လူတစ်ဦးက သစ္စာလမ်းပေါ်ရှိ The Skin Studio အလှပြင်ဆိုင်ဝန်ထမ်း အမျိုးသမားများအား သေနတ်ပြ ခြိမ်းခြောက်ပြီး ကြိုးတုတ်ကာ ဖုန်းများ လုယူသွားခြင်း ဖြစ်ကြောင်း ရန်ကင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

“အလှပြင်ဆိုင်က ကောင်မလေး လေးယောက်ကို သေနတ်နဲ့ ခြိမ်းခြောက် ကြိုးတုပ်ပြီး ဖုန်းတွေ လုသွားတာပါ။ ပါးစပ်တွေကိုလည်း တိတ်နဲ့ကပ်ပြီး ပိတ်သွားသေးတယ်။ ကောင်မလေးတွေက ကြောက်နေတော့ သေချာတော့ မေးလို့ မရဘူး။ ဖုန်း သုံးလုံးပဲ ပါသွားတယ်လို့တော့ ပြောပါတယ် “ဟု ရန်ကင်းမြို့နယ်နေ ပြည်သူက ပြောသည်။

အဆိုပါ လုယက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များ ရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူအချို့က ပြောသည်။

စစ်တပ်အာဏသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများ၌ မကြာခဏ ဆိုသလို လုယက်မှုများ ဖြစ်ပွားနေသည်။