Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းမြောက် ဂုတ်တွင်းလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

နောင်ချိုနှင့်ကျောက်မဲမြို့ကြား ညောင်ပစ်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသောယာဉ်တန်း ပစ်ခတ်ခံရခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

(၂၀၁၉ ဩဂုတ် ၁၅ရက်က ဂုတ်တွင်း၌ စစ်တပ် ရဲကင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရသော စစ်သားများ။ ဓာတ်ပုံ - AFP)
(၂၀၁၉ ဩဂုတ် ၁၅ရက်က ဂုတ်တွင်း၌ စစ်တပ် ရဲကင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရသော စစ်သားများ။ ဓာတ်ပုံ - AFP)

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့်ကျောက်မဲမြို့ကြား ဂုတ်တွင်းလမ်းပိုင်းတွင် ယနေ့နံနက် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။

နောင်ချိုနှင့်ကျောက်မဲမြို့ကြား ညောင်ပစ်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသောယာဉ်တန်း ပစ်ခတ်ခံရခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“စစ်ကားတွေကို ပစ်တာ။ တော်တော်ထိတယ်။ သေဆုံးတာတွေရှိတယ်”ဟု ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

ပစ်ခတ်မှုသည် ၁၅မိနစ်ခန့်ကြာပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၁၀ဦးထပ်မနည်းရှိကြောင်း ဒေသခံများက ပြောသော်လည်း People’s Spring အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီယာဥ်တန်းကို တအာင်းတပ်မတော် (TNLA) နှင့် PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချိူ့ကပြောသော်လည်း အသေးစိတ်မသိရှိရသေးပေ။