Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခါမ်းပါတ်မြို့ နယ်တွင်တိုက်ပွဲဖြစ်၊ စစ်တပ်က ​လေ​ကြောင်းမှပစ်ကူ​ပေး

စစ်​ကောင်စီစစ်တပ်ကို PDFများက ကြားဖြတ်တိုက်ခိုက်ရာသို့ ယ​နေ့ ​နေလယ်ပိုင်းတွင် ​စစ်တပ်က​လေ​ကြောင်းမှ လာ​ရောက်ပစ်ကူ​ပေးခဲ့​ကြောင်းလည်းသိရသည်။စစ်​ကောင်စီတပ်အထိနာ၍ ​လေ​ကြောင်းမှ လာ​ရောက်စစ်ကူ​ပေးခြင်းဖြစ်နိုင်​ကြောင်းပြည်သူတစ်ဦးက​ပြောသည်။

(ဇူလိုင် ၂၃ ရက်တွင် ခါမ်းပါတ်မြို့အနီး.စစ်တပ်ရဟတ်ယာဥ်ပျံဝဲ​နေစဥ်။ဓါတ်ပုံ- CJ)
(ဇူလိုင် ၂၃ ရက်တွင် ခါမ်းပါတ်မြို့အနီး.စစ်တပ်ရဟတ်ယာဥ်ပျံဝဲ​နေစဥ်။ဓါတ်ပုံ- CJ)

ခါမ်းပါတ်မြို့ နယ်တွင် သြဂုတ် ၄ ရက်၌ တိုက်ပွဲများ​ခေတ္တရပ်နားခဲ့ရာမှ ယ​နေ့ (သြဂုတ် ၅)နံနက် တွင်တိုက်ပွဲဖြစ်ပွား​ပြီးစစ်တပ်က​လေ​ကြောင်းမှ စစ်ကူ​​ပေးခဲ့ကြောင်း​ဒေသခံအချို့က ​ပြောသည်။

အင်အား ၈၀ ခန့်ပါ​သော စစ်​ကောင်စီစစ်​ကြောင်းမှာ သြဂုတ် ၃ ရက်တွင် ထင်းဇင်ရွာသို့ ​ရောက်ရှိလာပြီး ဘုန်ကြီး​ကျောင်း၌ တပ်စွဲခဲ့သည်။ ထိုစစ်​ကြောင်းကို သြဂုတ် ၃ ရက်နံနက်တွင် PDF များကတိုက်ခိုက်ခဲ့သည်။ ထိုစစ်​ကြောင်းမှာ ထင်းဇင်ရွာတွင် ၂ ရက်​နေပြီး ယ​နေ့ နံနက် ဘုတ်ကန်ရွာဘက်သို့ထွက်လာစဥ် PDF များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်သားတွေကမနက် ၇ နာရီလောက်ကမြောက်ဘက်ကိုသွားတာ။ PDF တွေကလည်းဘုတ်ကန်ကနေထင်းဇင်ကိုတက်လာကြပုံပဲ။ဘုတ်ကန်နဲ့ထင်းဇင်ကြားက နန်စပါချောင်းဘက်တိုက်ပွဲဖြစ်နေတယ်”ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

စစ်​ကောင်စီစစ်တပ်ကို PDFများက ကြားဖြတ်တိုက်ခိုက်ရာသို့ ယ​နေ့ ​နေလယ်ပိုင်းတွင် ​စစ်တပ်က​လေ​ကြောင်းမှ လာ​ရောက်ပစ်ကူ​ပေးခဲ့​ကြောင်းလည်းသိရသည်။စစ်​ကောင်စီတပ်အထိနာ၍ ​လေ​ကြောင်းမှ လာ​ရောက်စစ်ကူ​ပေးခြင်းဖြစ်နိုင်​ကြောင်းပြည်သူတစ်ဦးက​ပြောသည်။

“ရွာပေါ်တော့မကြဲဘူး ။သူတို့ အခြေအနေမကောင်းလို့လေယာဉ်လာကူတာ။ လေယာဉ်ကခုမှပြန်သွားတော့ ထိခိုက်မှုရှိ၊မရှိမသိရသေးဘူး”ဟု​အထက်ပါ​ဒေသခံက​ပြောသည်။

စစ်​ကောင်စီတပ်က လူသားဒိုင်းအဖြစ်ပြည်သူအချို့ကို ဖမ်းဆီးကာ ၂ ရက်စခန်းချခဲ့​​သော ထင်းဇင်ရွာမှ စစ်သားများထွက်သွား၍ ပြည်သူအချို့ ကရွာပြန်ကြည့်​သောအခါ စစ်သားများက အိမ်တိုင်းကို​ဖောက်ထွင်း၍ ပြည်သူပိုင် ပစ္စည်းများကိုခိုးယူသွား​ကြောင်း လည်း​ဒေသခံအချို့က​ပြောသည်။

“အိမ်တိုင်းကိုတက်မွှေထားတာ ။သွားတိုက်ဆေးရေချိုးဆပ်ပြာကစယူကြတယ်တဲ့” ဟု​ဒေသခံတစ်ဦးက​ပြောသည်။

စစ်​ကောင်စီတပ်၏ အဆိုပါစစ်​ကြောင်းသည် ခါမ်းပါတ်မြို့ ၏ ​မြောက်ဘက်ဖြစ်​သော ကံမကြီး ၊ထင်းဇင် ၊ဘုတ်ကန်ရွာဘက်သို့ တစ်ရွာပြီးတစ်ရွာ စစ်​ကြောင်းထိုး​နေခြင်းဖြစ်သည်။ ​မြောက်ဘက်သို့ ဦးတည်​နေ​သော​ကြောင့် တမူးမြို့ဘက်သို့ ဦးတည် စစ်​ကြောင်းထိုး​နေခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။ အဆိုပါ​ဒေသရှိ ​ကျေးရွာများကို ​တော်လှန်​ရေးအဖွဲ့များကနယ်​မြေ စိုးမိုးထား၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနိုင်​ကြောင်းလည်း​ဒေသခံအချို့က ခန့်မှန်းသည်။

ခါမ်းပါတ်မြို့နှင့် တမူးမြို့သည် မိုင် ၃၀ ​ကျော်ကွာ​ဝေးသည်။

တိုက်ပွဲများ​ကြောင့် နယ်စပ်မှတစ်ဆင့် အန္ဒိယဘက်သို့ ထွက်​ပြေးတိမ်း​ရှောင်သူများကို အိန္ဒိယအစိုးရက ဇူလိုင်လကုန်ပိုင်းတွင် နေရပ်ပြန်ခိုင်းခဲ့​ပြီး အသစ်ဝင်​ရောက်မှုများကိုတားမြစ်ခဲ့သည်။သို့​သော် သြဂုတ် လ ၂ ၊၃ ရက်တိုက်ပွဲများ​ကြောင့် အိန္ဒိယနယ်စပ်သို့ထွက်​ပြေးသူများကိုမူကားနှသ့်ဆိုင်ကယ်များဝင်ခွင့်မပြု​သော်လည်း လူချည်းသက်သက် ပြန်လည်ဝင်​ရောက်ခွင့်ပြုခဲ့​ကြောင်းသိရသည်။

ခမ်းပက်မြို့ရှိ ရဲစခန်းနှင့် စစ်​ကောင်စီတပ်ကို ​တော်လှန်​ရေးအင်အားစုများက ဇူလိုင် ၂၂ ရက်ညတွင်စတင်တိုက်ခိုက်ပြီး စစ်တပ်က က​လေးမြို့မှ စစ်သားများကို ဇူလိုင် ၂၃ ရက်တွင်လေ​ကြောင်းမှ ခမ်းပက်မြို့ နှင့်အနည်းငယ်​သာ​ဝေး​သော​နေရာသို့ချ၍ ပို့​ပေးခဲ့သည်။ ထိုစစ်ကူများကိုပါ​တော်လှန်​ရေးအဖွဲ့များက ဇူလိုင် ၂၃ ရက်တွင် ကြားဖြတ်တိုက်၍ စစ်​ကောင်စီတပ်အထိနာခဲ့သည်။ထို​​နောက် တိုက်ပွဲ ​များပိုမိုပြင်းထန်လာပြီး ဇူလိုင် ၂၅ ရက်မှစ၍ ​လေ​ကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ထိုအပြင် ခမ်းပါတ်မြို့​ပေါ်ရှိ​နေအိမ်များကိုပါ မီးရှို့ ခဲ့သည်။

တိုက်ပွဲများ​ကြောင့်​ဒေသခံပြည်သူ ​ထောင်နှင့်ချီ၍ ​ဘေးလွတ်ရာထွက်​ပြေးတိမ်း​ရှောင်​နေကြရသည်။ စစ်​ဘေး​ရှောင်က​လေးငယ်တစ်ဦးမှာထွက်​ပြေးတိမ်း​ရှောင်စဥ် ​နေထိုင်မ​ကောင်းဖြစ်ပြီးအချိန်မိ​​ဆေးကုသမှု မခံရ၍ကွယ်လွန်ခဲ့သည်။ထို့အပြင် စစ်​ဘေး​ရှောင်ပြည်သူတစ်ဦးမှာ ​​စစ်​ဘေး​ရှောင်​နေရာမှ ရွာပြန်စဥ် စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ထို​နောက် ဇူလိုင် လကုန်ပိုင်းတွင်နှစ်ဖက် ကြားတပ်ဆိုင်ထားပြီး တိုက်ပွဲ​ခေတ္တရပ်နားခဲ့ရာမှ သြဂုတ် ၂ ရက်၊ ၃ ရက်နှင့် ၅ ရက်တို့တွင်တိုက်ပွဲများပြန်ဖြစ်ခဲ့သည်။