Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံးတွင် ဇူလိုင်အတွင်း စစ်ဆင်ရေး ၁၇ခုပြုလုပ်ခဲ့ဟု ပကဖ အသိပေး

လောင်းလုံး(ပကဖ)အနေဖြင့် မြို့နယ်တွင်း စစ်ရေးဖော်ဆောင်မှုများတွင် ယခုနှစ်(၂၀၂၃)ဇွန်လအထိ စစ်ဆင်ရေးပေါင်း ၄၃ ခုဖော်ဆောင်ထားရာ စစ်ကောင်စီတပ်ဘက်မှ ၅၁ ဦးသေဆုံး၍ ၇၀ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း သိရသည်။

(​လောင်းလုံ PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ် ။ဓာတ်ပုံ - LLPDF)
(​လောင်းလုံ PDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ် ။ဓာတ်ပုံ - LLPDF)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်အတွင်း စစ်ရေးဖော်ဆောင်မှု (၁၇)ကြိမ်ရှိခဲ့ရာ ရန်သူစစ်ကောင်စီတပ်မှ ၂၆ဦးသေဆုံးကာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃၇ဦး ထိခိုက်ဒဏ်ရာရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)LLPDFက ယနေ့(သြဂုတ် ၅) အသိပေး ထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးများတွင် လောင်းလုံး(ပကဖ)မှ ရဲဘော်သုံးဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ် ရာရခဲ့ပြီး ဇူလိုင် ၅ ရက်မှ ၂၂ ရက်အထိ စစ်ဆင်ရေးများဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“စစ်ဆင်ရေးထဲမှာ ဇူလိုင် ၂၂ ပွဲက တစ်နေကုန်ပါ။ မနက်စောစော ၆နာရီပွဲမှာ ကျွန်တော်တို့ ရဲဘော် သုံးဦးကျသွားခဲ့တယ်။ အဲဒီနောက် ၁၀နာရီခန့်လောက်မှာ ရှေ့ဆက်တိုးလာတာကို ချိန်ကိုက်မိုင်းခွဲပစ်တာ။ ပြီးတာနဲ့ ဒုန်းတွေနဲ့ပါ တစ်နေကုန်ပစ်တာ ဖြစ်ပါတယ်”ဟု စစ်ရေးဖော်ဆောင်မှုများအနက် တိုက်ပွဲပြင်းထန်ခဲ့သည့် တိုက်ပွဲအခြေအနေတစ်ခုအား လောင်းလုံး (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးသည် လောင်းလုံးမြို့နယ် စခန်းကြီး၊ ခမောင်းတောင်၊ ဖွားဘုတ်ပြင် စသည့်ကျေးရွာများအနီး ဇူလိုင် ၂၂ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးကာ ဗိုလ်ကြီးတစ်ဦး အထိနာခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လောင်းလုံး(ပကဖ)အနေဖြင့် မြို့နယ်တွင်း စစ်ရေးဖော်ဆောင်မှုများတွင် ယခုနှစ်(၂၀၂၃)ဇွန်လအထိ စစ်ဆင်ရေးပေါင်း ၄၃ ခုဖော်ဆောင်ထားရာ စစ်ကောင်စီတပ်ဘက်မှ ၅၁ ဦးသေဆုံး၍ ၇၀ ဦး ထိခိုက်ဒဏ်ရာရထားကြောင်း သိရသည်။

ထို့အပြင် အဆိုပါစစ်ဆင်ရေးများတွင် ရန်သူ့ထံမှ AK သေနတ်တစ်လက်၊ M3 နှစ်လက်၊ Vigo ကားတစ်စီးနှင့် ခဲယမ်းအချို့ သိမ်ဆည်းရရှိခဲ့ကြောင်း လောင်းလုံး(ပကဖ)က အသိပေးထားသည်။