Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် မိုးကြီး၍မြေစာပုံပြိုကျပြီး အမျိုးသမီးတစ်ဦးပျောက်ဆုံး၊ ငါးဦးဒဏ်ရာရ

ပေ(၁၀၀)ခန့်မြင့်သော မြေစာပုံသည် ယနေ့(ဩဂုတ် ၅ရက်) နေ့လယ် ၁နာရီခန့်တွင် ပြိုကျခြင်းဟု သိရသည်။

(မြေစာပုံပြိုကျပြီးနောက် ကယ်ဆယ်ရေးလုပ်ဆောင်နေစဥ်။ ဓာတ်ပုံ - CJ)
(မြေစာပုံပြိုကျပြီးနောက် ကယ်ဆယ်ရေးလုပ်ဆောင်နေစဥ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး‌နောက် အောင်သာယာ(၂)ကျေးရွာရှိ မြေစာပုံပြိုကျခဲ့ပြီး အမျိုးသမီးတစ်ဦး ရေစီးနှင့်မျောပါပျောက်ဆုံးကာ အမျိုးသားငါးဦး ဒဏ်ရာရခဲ့သည်။

ပေ(၁၀၀)ခန့်မြင့်သော မြေစာပုံသည် ယနေ့(ဩဂုတ် ၅ရက်) နေ့လယ် ၁နာရီခန့်တွင် ပြိုကျခြင်းဟု သိရသည်။

Public Service Announcement
Public Service Announcement

“ဒီ‌နေ့ မိုးအရမ်းကောင်းတယ်။ ‌အမျိုးသမီးတစ်ယောက်ကတော့ အခုထိပျောက်နေတယ်။ အမျိုးသားငါးယောက် ဒဏ်ရာရတယ်။ ပျောက်တဲ့သူကို ရှာနေပါတယ်”ဟု လူမှုကူညီရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေသော ဖားကန့်မြို့တွင် ယခုရက်ပိုင်း တိုက်ပွဲမရှိဘဲ ငြိမ်သက်နေသည်။ ဖားကန့်အပါအဝင် ကချင်ပြည်နယ်၌ ယခုရက်ပိုင်း မိုးကောင်းနိုင်ကြောင်း ရာသီဥတုအရေးလေ့လာသူများက သတိပေးထားသည်။