Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်မြို့ စက်မှုဇုန်၌ ဗုံးပေါက်၊ တစ်ဦးသေဆုံး ငါးဦးဒဏ်ရာရ

မူဆယ်မြို့ စက်မှုဇုန်ရှိ အာနိုးကားဝပ်ရှော့တွင် ပြင်ဆင်ရန် ရပ်ထားသည့် ကားတစ်စီးပေါ်မှ ဗုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

(ပစ်ခတ်မှုပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေသည့် နယ်စပ်မြို့တော် မူဆယ်မြို့လယ်တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ပစ်ခတ်မှုပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေသည့် နယ်စပ်မြို့တော် မူဆယ်မြို့လယ်တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ စက်မှုဇုန်ရှိ ကားဝပ်ရှော့တစ်ခုတွင် ယနေ့(သြဂုတ်၅ရက်) က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့သည်။

မူဆယ်မြို့ စက်မှုဇုန်ရှိ အာနိုးကားဝပ်ရှော့တွင် ပြင်ဆင်ရန် ရပ်ထားသည့် ကားတစ်စီးပေါ်မှ ဗုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

” ကားထဲက‌နေ ပေါက်တာတဲ့။ ကားသမားတစ်ယောက်သေတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ဘယ်လိုက‌နေ ဘယ်လိုထပေါက်လဲတော့မသိဘူး”ဟု မူဆယ်မြို့ စက်မှုဇုန်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ပေါက်ကွဲမှုသည် အလွန်ပြင်းထန်ပြီး ဝပ်ရှော့အတွင်းရှိ ဆိုင်ကယ်နှင့်ကားအချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၉ရက်ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်။ ထို့အပြင် ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတပ်ကြား ယခုရက်ပိုင်း တိုက်ပွဲများဖြစ်ပွားနေသည်။