Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်တလန် ခလရ(၂၆၉)တပ်ရင်းဌာနချုပ်လုံခြုံရေးတပ်စခန်းကို ချင်းပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ဗုံးကြဲသတ်ဖြတ်သည့် လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ကျူးလွန်ချိုးဖောက်ခြင်းဖြစ်ပြီး ချင်းလူမျိုးများအပေါ် အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းဖြစ်၍ CNFကပြင်းထန်စွာ ရှုတ်ချသည်ဟု ဖော်ပြသည်။

(စစ်ကောင်စီတပ်က ထန်တလန်မြို့နယ် ခွာဖိုရွာအပါအဝင် ဒေသတွင်းရှိကျေးရွာ နှစ်ရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(စစ်ကောင်စီတပ်က ထန်တလန်မြို့နယ် ခွာဖိုရွာအပါအဝင် ဒေသတွင်းရှိကျေးရွာ နှစ်ရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)

▪️စစ်ကောင်စီတပ်မှ နှစ်ဦးအရှင်မိ၊လက်နက် ၆လက်ရဟု CNF အသိပေး၊ ချင်းရဲဘော် သုံးဦးကျဆုံး

▪️စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကျေးရွာနှစ်ရွာကို လေကြောင်းတိုက်ခိုက်

ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၆၉)တပ်ရင်းဌာနချုပ် လုံခြုံရေးတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA)က သတင်းထုတ်ပြန်သည်။

ဩဂုတ် ၁၄ရက် နံနက် ၅နာရီခန့်မှစ၍ စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်ခဲ့ရာ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ သေဆုံးမှုကိုမသိရသော်လည်း နှစ်ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၆လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း အသိပေးသည်။

ယင်းတိုက်ပွဲ၌ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ထန်တလန်နှင့် CDF ဇိုဖေတို့မှ ရဲဘော် နှစ်ဦးကျဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် CNFပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ယနေ့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

(စစ်ကောင်စီတပ်က ထန်တလန်မြို့နယ် ခွာဖိုရွာအပါအဝင် ဒေသတွင်းရှိကျေးရွာ နှစ်ရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(စစ်ကောင်စီတပ်က ထန်တလန်မြို့နယ် ခွာဖိုရွာအပါအဝင် ဒေသတွင်းရှိကျေးရွာ နှစ်ရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – The Chin Journal)

စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် လေကြောင်းမှ သုံးကြိမ်ထက်မနည်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟားခါးဗျူဟာကုန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့ပြင် ထန်တလန်မြို့နယ် ခွာဖိုရွာအပါအဝင် ဒေသတွင်းရှိကျေးရွာ နှစ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာလူနေအိမ်အချို့ပျက်စီးပြီး ဒေသခံပြည်သူ တစ်ဦးဒဏ်ရာရခဲ့သည်ဟုCNFက ထုတ်ပြန်သည်။

ခွာဖိုရွာမှ ခရစ်ယာန်ဘုရားကျောင်းနှင့် ဓမ္မဆရာ၏နေအိမ်ပျက်စီးခဲ့ကြောင်း အသိပေးသည်။ စစ်ကောင်စီတပ်သည် ယခုနှစ်မတ်လအတွင်းကလည်း ခွာဖိုကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာပြည်သူ ရှစ်ဦးသေဆုံးကာ ၁၁ဦးဒဏ်ရာရခဲ့ပြီး နေအိမ်များပျက်စီးခဲ့သည်။

(စစ်ကောင်စီတပ်က ထန်တလန်မြို့နယ် ခွာဖိုရွာအပါအဝင် ဒေသတွင်းရှိကျေးရွာ နှစ်ရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(စစ်ကောင်စီတပ်က ထန်တလန်မြို့နယ် ခွာဖိုရွာအပါအဝင် ဒေသတွင်းရှိကျေးရွာ နှစ်ရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – The Chin Journal)

CNF/CNA နှင့် ဒေသခံချင်းကာကွယ်ရေးတပ်များသည် ဩဂုတ် ၁၂ရက်ကလည်း ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ(၂၆၈)တပ်ရင်းဌာနချုပ်ကိုဝင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦး သေဆုံးပြီး လက်နက်တိုက်အတွင်းမှာ ပွိုင့်ဖိုက် စက်သေနတ်နှင့် RPG၊ (၆၀) မမ လက်နက်ကြီးများအပါအဝင် လက်နက်ကြီး၊လက်နက်ငယ် ၁၁လက်ကိုသိမ်းပိုက်နိုင်ခဲ့သည်။ထိုစဉ်ကလည်း စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားမှုမရှိသည့်ဖလမ်းမြို့နယ်ရမ်ထလိုရွာနှင့် ဆွန်ထလာရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၃ဦးထက်မနည်းဒဏ်ရာရခဲ့သည်။

စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ဗုံးကြဲသတ်ဖြတ်သည့် လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ကျူးလွန်ချိုးဖောက်ခြင်းဖြစ်ပြီး ချင်းလူမျိုးများအပေါ် အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းဖြစ်၍ CNFကပြင်းထန်စွာ ရှုတ်ချသည်ဟု ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီအား အရေးယူအပြစ်ပေးမှုများပြုလုပ်ကြရန်လည်း CNFက တောင်းဆိုထားသည်။