Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူမြို့သို့ရောက်ရှိလာသော စစ်ရေယာဥ်သင်္ဘောအုပ်စုကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

သပိတ်ကျင်းမြို့နယ်မှင့် ကသာမြို့နယ်အရောက်တွင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။ ဩဂုတ် ၇ ရက်က ရွှေကူမြို့နယ်သို့ ဝင်ရောက်လာချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ရာ သင်္ဘောတစ်စီး ထိခိုက်ခဲ့သည်။

(ရွှေကူမြို့သို့ ရောက်ရှိလာသော စစ်ကောင်စီရေယာဥ်သင်္ဘောတစ်စီးအား တွေ့ရစဥ်)
(ရွှေကူမြို့သို့ ရောက်ရှိလာသော စစ်ကောင်စီရေယာဥ်သင်္ဘောတစ်စီးအား တွေ့ရစဥ်)

ကချင်ပြည်နယ်၊ ရွှေကူမြို့သို့ ရောက်ရှိလာသော စစ်ကောင်စီရေယာဥ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့က ဩဂုတ် ၁၃ရက်နှင့် ယနေ့ နှစ်ရက် ဆက် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“စစ်ကောင်စီသင်္ဘောတွေက ဗန်းမော်ကို ဆက်တက်ဖို့ ပြင်နေတာ။ ကျွန်တော်တို့ ပိတ်ပြီး တိုက်နေတော့ ခရီးဆက်လို့ မရသေးဘူး”ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်သင်္ဘောအုပ်စုကို ဩဂုတ် ၁၃ရက်နံနက်နှင့် ယနေ့(ဩဂုတ် ၁၄ရက်) နံနက်က လက်နက်မျိုးစုံအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဟု ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်နက်နှင့် ရိက္ခာများတင်‌ ဆောင်လာပြီး စုစုပေါင်း သင်္ဘောကိုးစီးပါ စစ်ကောင်စီရေယာဉ်အုပ်စုသည် မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းမှ ဇူလိုင် ၂၆ ရက်ကစတင်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခြင်းဖြစ်သည်။

သပိတ်ကျင်းမြို့နယ်မှင့် ကသာမြို့နယ်အရောက်တွင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။ ဩဂုတ် ၇ ရက်က ရွှေကူမြို့နယ်သို့ ဝင်ရောက်လာချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ရာ သင်္ဘောတစ်စီး ထိခိုက်ခဲ့သည်။

အဆိုပါ သင်္ဘောပြင်ဆင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြစ်ကမ်းဘေးကျေးရွာများကို စစ်ကြောင်းထိုးနေရာ ရေလဲ၊ ဆင်တပ်၊မိုးစစ်၊သင်္ဘောအင်းစသည့် ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။