Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်ခတ်တောင်ပြန်ရရေး စစ်ကောင်စီကြိုးပမ်းမှု အရာရှိအပါအဝင် ၁၇ဦးသေဆုံးသော်လည်း တောင်ခြေပင်မကပ်နိုင်ဟု ကော်ဘရာအသိပေး

လက်ခတ်တောင်ဒေသည် စစ်ရေးအရ အရေးပါသည့်ဒေသဖြစ်ပြီး ယင်းဒေသတိုက်ပွဲတွင် တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ၊ ရောင်နီ စသည့်ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသည့် မြ၀တီမြို့နယ် လက်ခက်တောင်စခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်ကအကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း တောင်ခြေထိပင်မကပ်နိုင်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၁ရက်တွင် လက်ခတ်တောင်စခန်းကုန်းကို ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ခဲ့ရာ ဇူလိုင် ၂၄ရက်မှစ၍ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ ထိုးစစ်သုံးပတ်ကျော်ကြာမြင့်ခဲ့ပြီး ယင်းကာလအတွင်း ၁၀ကြိမ်ထက်မနည်း စစ်ကြောင်းထိုးသော်လည်း တောင်ခြေထိမကပ်နိုင်ကြောင်း ကော်ဘရာစစ်ကြောင်းက အသိပေးသည်။

Public Service Announcement
Public Service Announcement

ယင်းတောင်ကြောကို ပူးပေါင်းတပ်က သိမ်းပိုက်စိုးမိုးထားပြီးသည့်နောက်ပိုင်း ဇူလိုင် ၂၄ရက်မှ ဩဂုတ် ၁၃ရက်အတွင်း တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနှစ်ဦး အပါဝင် ၁၇ဦး သေဆုံးကာ ၃၄ဦး ဒဏ်ရာရခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် တစ်ဦး ကျဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ ဒရုန်း(၁)စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း အသိပေးသည်။

ထို့ပြင် ရန်သူ့ဘက်မှ ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးသည် လက်နက်နှင့်အတူ ပူးပေါင်းတပ်ဖွဲ့ထံအလင်းဝင်ရောက်ခဲ့သည်ဟုဆိုသည် ။အဆိုပါ တပ်သား နှစ်ဦးသည်

(၆၀)မမ ကွန်မန်ဒို စိန်ပြောင်းတစ်လက်၊ (၆၀)မမ ဗုံးသီး ၅လုံး ၊ MA 2 တစ်လက် ၊ ကျည်ဘောက်( ၆)ခု၊ ကျည် ၆၀၀၀ဖြင့် အလင်းဝင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီတပ်ထံမှ (၄၀)မမ ရှစ်လုံး၊ M16A2 နှစ်လက်၊ M16 ကျည်ဘောက် ၁၀ ခု၊ Carbineကျည် (၁၈၈)တောင့်၊ Carbineကျည်ဘောက် (၆)ခု၊ NATOကျည် (၉၃)တောင့်၊ ခြေနင်းမိုင်း (၁)လုံး၊ စကစ၅.၅၆ကျည် (၁၃၀)တောင့်၊ 5.56ကျည် (၆၈၈)တောင့်၊ အေကေကျည် (၇)တောင့် သိမ်းဆည်းရရှိထားကြောင်း ကော်ဘရာစစ်ကြောင်းက အသိပေးသည်။

လက်ခတ်တောင်ဒေသည် စစ်ရေးအရ အရေးပါသည့်ဒေသဖြစ်ပြီး ယင်းဒေသတိုက်ပွဲတွင် တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ၊ ရောင်နီ စသည့်ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။