Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်တွင် ပြည်သူ၈ ဦးကိုသတ်ခဲ့​သောစစ်​​ကောင်စီစစ်ကြောင်း ကနီသို့ ​ရောက်လာရာ PDF များက ၂ ရက်ဆက်တိုက်ခိုက်

မြေပြင်၌ အထိနာသည့် စစ်ကောင်စီစစ်ကြောင်းသည် နွားခြံကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သလို မုံရွာမြို့ အ​ခြေစိုက်နမခ မှလည်း လက်နက်ကြီးပစ်ကူ ပေးကာ စစ်ကူခဲ့သည်ဟု ဒေသခံများကပြောသည်။

(ကနီPDF တပ်ဖွဲ့ဝင်များစစ်​ရေး​လေ့ကျင့်​နေစဥ်။ဓါတ်ပုံ-ကနီPDF-၂)
(ကနီPDF တပ်ဖွဲ့ဝင်များစစ်​ရေး​လေ့ကျင့်​နေစဥ်။ဓါတ်ပုံ-ကနီPDF-၂)

ကနီမြို့တွင် စစ်ကြောင်းထိုးလာသည်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အထိအခိုက်များခဲ့ပြီး မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှလက်နက်ကြီးပစ်ကူပေးခဲ့ရသည်ဟု သတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားသုံးရာခန့်သည်ဩဂုတ်လ ၁၇ရက် နံနက်မှစ၍ ယင်းမာပင်မြို့နယ်မှ ဖြတ်ကာ ကနီမြို့နယ်အတွင်းတို့ ဝင်ရောက်စစ်‌ ကြောင်းထိုးလာခြင်းဖြစ်သည်။ သြဂုတ် ၁၇ ရက် နံနက်က ကျောက်ကုန်းရွာတွင် တိုက်ပွဲဖြစ်ခဲ့ပြီး အဆိုပါစစ်ကြောင်းသည် ယနေ့(ဩဂုတ်လ ၁၈ရက်) နေ့လယ်တွင် နွားခြံကုန်းရွာသို့ရောက်ရှိလာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲကပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပါတယ်။ အင်အား သုံးရာလောက်က စစ်ကြောင်း သုံးကြောင်းခွဲထားပါတယ်။ တစ်ကြောင်းက နွားခြံကုန်းရွာကို ဝင်တာကို ကာကွယ်‌ရေးအဖွဲ့တွေကပိတ်ပြီးတိုက်တာပါ”ဟု ကနီမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲသည်ယ​နေ့ နေ့လယ် ၁၂ နာရီခန့်မှ ညနေ ၆နာရီခန့်အထိဖြစ်ခဲ့ပြီး ထိခိုကိ​သေဆုံးမှုအ​ခြေအ​နေအသေးစိတ်အခြေအနေကို မသိရှိရသေးပေ။

မြေပြင်၌ အထိနာသည့် စစ်ကောင်စီစစ်ကြောင်းသည် နွားခြံကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သလို မုံရွာမြို့ အ​ခြေစိုက်နမခ မှလည်း လက်နက်ကြီးပစ်ကူ ပေးကာ စစ်ကူခဲ့သည်ဟု ဒေသခံများကပြောသည်။

“လက်နက်ကြီးတွေ တောက်လျှောက်ပစ်တာ။အခုည အထိလည်းပစ်နေတယ်။ သူတို့ အထိနာလို့ပစ်တာ” ဟု ကနီမြို့မှ ဒေသခံတစ်ဦးက ယနေ့ည ၈နာရီ ၅၀ မိနစ်တွင် People’s Spring သို့​ပြောသည်။

ကနီနယ်သို့ ယခုဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသည် သြဂုတ်လ တတိယပါတတ်က ယင်းမာပင်မြို့နယ်တွင် ဓါးစာခံအဖြစ်ဖမ်းလာ​သော ပြည်သူများထဲမှ အမျိုးသမီးနှစ်ဦးအပါအဝင် ပြည်သူရှစ်ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းဖြစ်သည်။ အသတ်ခံရ​သောပြည်သူ ၆ ဦး၏ ရုပ်အ​လောင်းကို သြဂုတ် ၁၆ ရက်တွင် ယင်းမာပင်မြို့နယ် ၊ယမား​ချောင်းတံတားတွင်ထားခဲ့​ကြောင်း​ဒေသခံများက​ပြောသည်။